မကွေးမှာ လူနာ (၂၂၁) ဦးကို ဆေးဝါးကုသမှုပေးနိုင်ခဲ့တယ်လို့ CDF – Asho ဆို

မကွေးမှာ လူနာ (၂၂၁) ဦးကို ဆေးဝါးကုသမှုပေးနိုင်ခဲ့တယ်လို့ CDF – Asho ဆို

မကွေးတိုင်း အရှို (ချင်း) လူမျိုးများတည်ရှိရာဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ ချင်းကာကွယ်ရေးတပ် ( CDF – Asho) ရဲ့ CDF – Asho စခန်းအားလုံးနှင့် ကျေးရွာဒေသခံ လူနာစုစုပေါင်း (၂၂၁) ဦးကို မတ်လ တစ်လအတွင်း ဆေးဝါးကုသမှုပေးနိုင်ခဲ့တယ်လို့ CDF – Asho Team က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

CDF – Asho ဆေးဌာနမှူး ဒုအရာခံဗိုလ် မိုင် IU က “ဆေးဝါးကုသမှု လုံလောက်မှုအပိုင်းမှာဆိုရင် အခုနောက်ပိုင်း ကျွန်တော်တို့အနေနဲ့ ဆေးဝါးကတော့ ဦးစားပေးစာရင်းအနေနဲ့ကို အတတ်နိုင်ဆုံးဖြည့်တင်းတာမျိုးတွေ လုပ်ရပါတယ်။ ဆေးဝါးမလုံလောက်လို့ မလိုအပ်ဘဲ ဆုံးရှုံးရတာမျိုး တွေမဖြစ်ရအောင်ပါ ။ ကုသမှုပေးနိုင်တဲ့ ဆေးတပ်သားအရေအတွက်ကတော့ လိုအပ်နေဆဲဖြစ်တယ်။ လူနာကတော့ အသက်အရွယ်မရွေးနဲ့ ဖြစ်ကြတဲ့ရောဂါတွေကလည်း ပေါင်းစုံပေါ့နော်။ အဲဒီထဲကမှ အဖြစ်များဆုံးဆိုရင် ဝမ်းပျက်ဝမ်းလျှောနဲ့ ချွေးထွက်လွန်ပြီး မူးဝေတာမျိုးတွေ၊ နောက်ပြီး ဆေးကုသမှု ပေးရာမှာလည်း အခက်ခဲတွေ အများကြီးထဲကမှ အဓိကတော့ လမ်းကြောင်းအခက်ခဲပါ။ လူနာက ကျွန်တော်တို့ဆီကို လာရောက်ကုသရတာဖြစ်စေ၊ ကျွန်တော်တို့က သွားရောက် ကုသမှုပေးရာမှာဖြစ်စေ ၊ လမ်းခရီးအရ ခြေလျင်ပဲသွားရတော့ နှောင့်နှေးကြန့်ကြာတာတွေဖြစ်တယ် ၊ နောက်ပြီး ကျွန်တော်တို့ စိုးမိုးနယ်မြေမှာရော အနီးအနားမှာပါ ကျွန်တော်တို့ အနေနဲ့ ကုသဖို့ မတတ်နိုင်တဲ့ လူနာတွေကို လွှဲဖို့ ဆေးရုံ၊ ဆေးခန်း ဆရာဝန်ရော မရှိတာက အရေးပေါ်လူနာတွေနဲ့ ကြုံရတဲ့အခါ ဒါတွေက ကျွန်တော်တို့ရဲ့ အဓိက စိန်ခေါ်မှုတွေဖြစ်တယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ၄ လပိုင်းကနေ ၆ လ ပိုင်း ကြားကာလတွေမှာ ငှက်ဖျားကြောင့် ငှက်ဖျားဆေးမလုံလောက်တာတွေ အခြေအနေဆိုးမှ ဆေးခန်းကို လာရောက်တာတွေကြောင့် သေဆုံးလူနာတွေ ရှိခဲ့တယ်လို့လည်း CDF – Asho ဆေးဌာနမှူး ဒုအရာခံဗိုလ် မိုင် IU က ပြောပါတယ်။

၂၀၂၆ ခုနှစ် ၊ မတ်လ ၁ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ တစ်လတာအတွင်း CDF – Asho တပ်ဖွဲ့ဝင် (၃၀) ဦး၊ တပ်မိသားစု (၆) ဦး၊ အကျဉ်းသား (၂၀) ဦး၊ အရပ်သား (၁၆၅) ဦး စုစုပေါင်း ၂၂၁ ဦးကို ဆေးဝါးကုသမှုပေးနိုင်ခဲ့သလို အခုလို အရပ်သားပြည်သူတွေကို ဆေးဝါးကုသမှုတွေ ပေးနိုင်ဖို့ ဆေဝါးအလှူ သီးခြား ပံ့ပိုးပေးတဲ့ ပြည်တွင်းပြည်ပက ဝန်းရံထောက်ပံ့သူ အားလုံးကို ကျေးဇူးတင်ရှိတယ်လို့ CDF – Asho Team က ထုတ်ပြန်ပါတယ်။

April 1, 2026
တီးတိန်ခရိုင် လမ်းဦးစီးဌာန အောက်ရှိ လုပ်ငန်းများတွင် တင်ဒါ ရရှိ လုပ်ကိုင် နေတဲ့ ကုမ္ပဏီများကို...
March 31, 2026
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို မတ်လ ၂၉ ရက်က စစ်ကော်မရှင်လေတပ်က...
March 30, 2026
ကလေး - ကဘော် - ဂန့်ဂေါဒေသအတွင်းက အရွယ်ရောက်ပြီးသူအားလုံး စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက်...
March 28, 2026
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်မှ စပြီး ယခုလအထိ ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်ရဲ့...