စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုသမ္မတလောင်း အမည်စာရင်းတင်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုသမ္မတလောင်း အမည်စာရင်းတင်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆ ပြည်သူ့လွှတ်တော်တွင် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းလိုက်ကြောင်း သိရသည်။

၂၀၂၆ ပြည်သူ့လွှတ်တော်တွင် စစ်ခေါင်းဆောင်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ တောင်တွင်းကြီးအမတ် ဒေါက်တာကျော်ဆွေကို ဒုသမ္မတလောင်းအဖြစ် အဆိုတင်သွင်းသည်။

လက်ရှိတွင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တပ်ချုပ် ရာထူးမှ အနားယူခြင်း ရှိ၊ မရှိ စစ်အုပ်စုဘက်မှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် စစ်လော်ဘီချန်နယ်များတွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် တပ်ချုပ်အဖြစ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးဖြင့် ဒုတပ်ချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ရေးသားနေကြသည်။ ယင်းအပေါ် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

၂၀၂၆ အမျိုးသားလွှတ်တော်တွင် ကြံ့ဖွံ့ပါတီမှ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာတို့ကို အဆိုတင်သွင်းကြောင်း သိရသည်။

ဒေါက်တာတူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၀၉ ခုနှစ် မတိုင်ခင်က ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။ ၎င်းသည် စစ်ကော်မရှင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ပြီး အနိုင်ရထားသည်။

ဒေါနန်းနီနီအေးသည် ဦးသိန်းစိန်အစိုးရလက်ထက် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တို့တွင် ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၆ ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး လက်ရှိတွင် ၂၀၂၆ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ကျောင်းဆရာမနှင့် တက္ကသိုလ်နည်းပြအဖြစ် အသက်မွေးခဲ့သူဖြစ်သည်။

တပ်ကိုယ်စားလှယ်အစုအဖွဲ့မှ အမည်စာရင်း တင်သွင်းသူကို မသိရသေးပေ။

စစ်အုပ်စု ဆက်လက်ကိုင်စွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ၂၀၂၆ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ၂၀၂၆ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် ၂၀၂၆ တပ်ကိုယ်စားလှယ်များ အစုအဖွဲ့ စသည့် ၂၀၂၆ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ထိုအစုအဖွဲ့တဖွဲ့စီက ဒုတိယသမ္မတ တဦးစီရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး သမ္မတကို ထိုအထဲမှ ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။

(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...