မန္တလေးတိုင်းက “တကောင်း”မြို့ကို စစ်တပ်ပြန်သိမ်း

မန္တလေးတိုင်းက “တကောင်း”မြို့ကို စစ်တပ်ပြန်သိမ်း

မန္တလေးတိုင်းဒေကြီး သပိတ်ကျင်းမြို့နယ် ၊ တကောင်းမြို့ကို NUG က သိမ်းပိုက်ပြီး တစ်နှစ်ကျော်အကြာမှာ စစ်ကော်မရှင်တပ်တွေဟာ (မတ်လ ၁၀ ရက်နေ့) မှာ မြို့ကိုပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လာခဲ့ပါတယ်။

တကောင်းမြို့ပြန်လည်သိမ်းပိုက်ခံလိုက်ရတာဟာ ပထဝီအနေအထားအရ အရေးပါတဲ့ မြို့တစ်မြို့ ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းရှိ PDF တပ်တွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ တကောင်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ဖေဖော်ဝါရီလကတည်းက တွင်းငယ်ဒေသမှာ စစ်ကြောင်းထိုးခဲ့ပြီး တစ်လအကြာမှာ မြို့ကို ပြန်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

“ နယ်မြေချင်း ချိတ်ဆက်မှုမှာ တကောင်းမြို့ဟာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ ၃ ခုရဲ့ ဆုံမှတ်သဘောမျိုး ဖြစ်နေတယ်။ ဧရာဝတီမြစ် တစ်ဖက်ကမ်းက စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးနယ်မြေတွေ၊ အထက်ဘက်က KIA ထိန်းချုပ်ရာ နယ်မြေတွေနဲ့ အရှေ့ဘက်က ညီနောင်မဟာမိတ်တပ်တွေရဲ့ နယ်မြေတွေနဲ့ ချိတ်ဆက်နေတယ်” လို့ PDF Insight က ဖော်ပြထားပါတယ်။

တကောင်းမြို့သိမ်းပိုက်ခံရပြီးနောက် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသရှိ မြို့တွေမှာ မကြာခင် စစ်ကြောင်းထိုးလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေ အသိပေးထားပါတယ်။

တကောင်းမြို့နဲ့ကပ်လျက်က ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာရှိ တကောင်းနီကယ် စီမံကိန်းရှိရာဒေသဘက်ကို စစ်ကြောင်းတွေပြန်လည်ထိုးစစ်ဆင်နေတယ်လို့ မနေ့က မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ သပိတ်ကျင်းမြို့ကို ၂၀၂၅ ခုနှစ်က စစ်ကော်မရှင်တပ်ဟာ ကနဦးသိမ်းပိုက်နိုင်ခဲ့ပြီးနောက် စဉ့်ကူး ၊ မတ္တရာ မြို့တွေကို ဆက်လက်သိမ်းပိုက်ခဲ့တာပါ။

မိုးကုတ်မြို့ကိုတော့ တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်ပေးမှုတွေကြောင့် TNLA တပ်တွေက ပြန်လည်ဆုတ်ခွာပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ NUG ထိန်းချုပ်ထားတဲ့ မြို့တွေထဲက ဗန်းမောက် ၊ တကောင်းမြို့ တွေဟာ ဆက်တိုက်ပြန်လည်သိမ်းပိုက်ခံနေရတာလည်းဖြစ်ပါတယ်။

ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...