မြန်မာဘက်ပစ်လိုက်သောကျည် ထိုင်းဘက်ခြမ်းကျ၍ နေအိမ်တစ်လုံးထိမှန်ပျက်စီး

မြန်မာဘက်ပစ်လိုက်သောကျည် ထိုင်းဘက်ခြမ်းကျ၍ နေအိမ်တစ်လုံးထိမှန်ပျက်စီး
Photo credit- เอก เกียรติศักดิ์ แม่สอด
Photo credit- เอก เกียรติศักดิ์ แม่สอด

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက် ခြမ်းမှပစ်ခတ်သည့် ကျည်ဆန်အချို့ တစ်ဖက်ကမ်းထိုင်းနိုင်ငံ၊ မယ့်ကိုကင်းကျေးရွာတစ်ဝိုက်သို့ ကျရောက်ထိမှန် သောကြောင့် နေအိမ်တစ်လုံး ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်း နယ်စပ်သတင်း အရင်းအမြစ်များမှ သိရသည်။

ယမန်နေ့ မနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်အထိုင်ချစခန်းကို စစ်အုပ်စုခြေမြန်တပ်မ(၂၂)လက်အောက်ခံတပ်များက သိမ်းပိုက်ရန်ကြိုးပမ်းချက်ကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ထိုင်းသတင်းဌာနက ဖော်ပြသည်။ 

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ဒရုန်းဗုံးချ တိုက်ခိုက်ခြင်းနှင့် အသေခံဒရုန်း(ကာမီကာဇေ)များဖြင့်ပါ ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ဟု နယ်စပ်နေဒေသခံနှင့် ထိုင်းမီဒီယာများက ဆိုသည်။

မြန်မာဘက်မှပစ်လွှတ်လိုက်သော ကျည်ဆန်အချို့မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မယ့်ကို ကင်းကျေးရွာ တစ်ဝိုက်ကိုကျရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသားပိုင်နေအိမ်တစ်လုံး အနည်းငယ်ပျက်စီးမှုမှလွဲ၍ ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

“မနေ့ညနေ နေဝင်မိုးချုပ်ကတည်းက ည ၁၀ နာရီလောက်အထိ အလုံးကြီးသံတွေကြားနေရတာ အိမ်ပါတုန်တယ်။ ပြီးတော့ တစ်ညလုံးငြိမ်သွားပြီး ဒီမနက်ကျတစ်ခါထပ်ဖြစ်ကြပြန်ရော။ ထိုင်းဘက်ကျည်ရောက်တာတော့ ဟုတ်တယ် ဘယ်နားကျလဲအတိအကျတော့မသိဘူး၊ ဒီအနီးအနားမယ့်ကိုကင်းတစ်ဝိုက်ပဲ” ဟု မယ့်ကိုကင်းဘက်ခြမ်းသို့ စစ်ရှောင်လာသူ မင်းလက်ပံရွာသား အမျိုးသားက ပြောသည်။

မြန်မာဘက်ခြမ်းတွင် တိုက်ပွဲသံပြင်းထန်နေပြီး ထိုင်းနိုင်ငံဘက်ကျည်ကျော် ဝင်ရောက်လာခြင်းကြောင့်ပါ မြဝတီတောင်ပိုင်း၊ သောင်ရင်းမြစ်ကမ်းနားသို့ ထိုင်းအာဏာပိုင်များက လုံခြုံရေးအခြေအနေကို လာရောက်စောင့်ကြည့်နေသည်ဟုလည်း နယ်စပ်အနီးနေထိုင်သူအချို့က ဆိုသည်။

လေးကေကော်ဒေသ၊ မင်းလက်ပံကျေးရွာတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကတည်းက စစ်အုပ်စုနှင့်နှစ်ဖက်ပဋိပက္ခအပြင် ငွေလိမ်ခြံဝန်းကိစ္စများနှင့်ဆက်စပ်ပြီး စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများယခုအချိန်ထိ စစ်ရှောင်နေရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း အလားတူ မြန်မာ စစ်အုပ်စုဘက်မှပစ်ခတ်သည့်လက်နက်ကြီး၊ ထိုင်းနိုင်ငံ၊ မယ့်ကိုကင်းကျေးရွာသို့ကျရောက်ပြီး အရပ်သားထိခိုက်ဒဏ်ရာရမှုဖြစ်ပွားခဲ့သေးသည်။

Most read this week

February 16, 2026
ကရင်စာပေနှင့် နည်းပညာကဏ္ဍတွင် ကရင်ယူနီကုဒ် (Karen Unicode) စနစ်ကို ပိုမိုတွင်ကျယ် လာစေရန်နှင့်...
February 14, 2026
မောင်ကျော်စွာ (၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်) ဖေဖေါ်ဝါရီလထဲက အထိမ်းအမှတ်နေ့ရက်များအနက်...
Photo: BGF/ PC (ပုံဟောင်း)
February 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ဒွယ်လိုးမြို့နယ်၊...
February 13, 2026
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါလေ၊ ‌‌မင်းလက်ပံနှင့်ဖလူးဒေသမှ တိုက်ပွဲကြောင့်...