ကောလင်းမြို့နယ် ချဉ်ပစ်ခုံကျေးရွာအနီး တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

ကောလင်းမြို့နယ် ချဉ်ပစ်ခုံကျေးရွာအနီး တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းမှာ စစ်တပ်က စစ်အင်အားအများအပြားနဲ့ ဝင်ရောက်ပြီး ရှင်းလင်းရေးအစီအစဉ်တွေပြုလုပ်နေတာကြောင့် တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကစလို့ မနေ့ကညနေအထိ ကောလင်းမြို့နယ် ချဉ်ပစ်ခုံ၊ တောင်မှော် စတဲ့ ကျေးရွာအနီးတွေမှာ စစ်တပ် စစ်ကြောင်းနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ သိရပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာဘက်မှ စစ်ကြောင်းထိုးလာပြီး ကောလင်းမြို့အရှေ့ခြမ်း၊ ချဥ်ပစ်ခုံစျေးတန်းကို ဝင်ရောက်ခဲ့ကာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ Kawlin Revolution - KR က ဆိုပါတယ်။

တိုက်ပွဲ (၄ )ရက်အတွင်းမှာ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ (၁) ဦး ၊ ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ (၇) ဦးသေဆုံးခဲ့ပြီး မြေနီကျေးရွာခံ အမျိုးသား(၁) ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိတွင် စစ်ကြောင်းများဟာ ကောလင်းမြို့နယ် အရှေ့ဘက်ဒေသများသို့ ဆက်လက်ရွေ့လျားနေပြီး ဒေသအတွင်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း သိရပါတယ်။

ကောလင်းမြို့နဲ့ ၅ မိုင်အကွာရှိ ဝန်းသိုမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ဆိုပြီး ဒေသခံတွေကို မြို့အတွင်းမှ ထွက်ခွာဖို့ အသိပေးချက်တွေထုတ်ပြန်ပြီးနောက် တစ်ပတ်အကြာမှာပဲ စစ်တပ်စစ်ကြောင်းတွေဟာ လှုပ်ရှားလာခဲ့တာလည်းဖြစ်ပါတယ်။

Photo_ကောလင်းမြို့အဝင်ဆိုင်းဘုတ်ကိုတွေ့ရစဉ်/ Credit

July 27, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ တရုတ်နယ်စပ် ကုန်သွယ်စစ်ဆေးရေးစခန်းကို...
July 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ...
July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...
July 16, 2026
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဂြိုဟ်တုအခြေစိုက် Starlink အင်တာနက်များကို...