မိုးညှင်းမြို့မှာ ကသာဒေသခံ တစ်ထောင်ကျော် စစ်ရှောင်နေ

မိုးညှင်းမြို့မှာ ကသာဒေသခံ တစ်ထောင်ကျော် စစ်ရှောင်နေ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲကြောင့်  မိုးညှင်းမြို့အတွင်းကို စစ်ဘေးတိမ်းရှောင်လာသူအရေအတွက်ဟာ ဇန်နဝါရီလ(၅)ရက်နေ့အထိ တစ်ထောင်ကျော်ရှိလာနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရပါတယ်။

မြို့အတွင်းက သိမ်အင်းဘုန်းတော်ကြီးကျောင်း၊နတ်ကြီးကုန်းဘုန်းတော်ကြီးကျောင်း၊ ပရိယတ္ထိစာသင်တိုက် (အရှေ့ကျောင်း)၊ ကံဦးကျောင်းတိုက်၊ထီးလင်း၊ ပညာရောင်ခြည်စာသင်တိုက်နဲ့ မြို့အနီးက ပင်ရဲလှဘုန်းကြီးကျောင်းတို့မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စုစုပေါင်းက (၈၉၀)ဦးရှိနေကြောင်း ဆိုကြပါတယ်။

“လာအုံးမယ်ထင်တယ်။ အခုလောလောဆယ်က လာတာမပြတ်သေးဘူး  တစ်ထောင်ကျော်မှာပဲ ရပ်ကွက်တွေထဲလိုက်ကောက်ရင် တစ်ထောင်ကျော်ရှိမယ် ရွာသစ်ကုန်းအုပ်စုထဲကောက်လိုက်တာတောင် ( ၇ )ယောက်ရှိတယ် အိမ်မှာတွေငှားနေကြတာ အေ့လိုမျိုးရပ်ကွက်တိုင်းကို လိုက်ကောက်လိုက်ရင် တစ်ထောင်တော့ကျော်မယ် နာမကျန်း ဒုက္ခိတ အကုန်ပါတယ်အမျိုးမျိုးပဲ" ဟု စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောပြပါတယ်။

စစ်ဘေးတိမ်းရှောင်လာသူတွေထဲမှာ နားမကျန်းဖြစ်ပွားနေသူများ ၊မွေးလူနာတွေလည်းပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်တယ်လို့သိရပါတယ်။

စစ်ဘေးတိမ်းရှောင်သူများကို ယခုရက်တွေမှာ ဘုန်းတော်ကြီးကျောင်းများအပြင် ကံသာဦး အခမဲ့ (အောက်စီဂျင်)  နဲ့ စိမ်းလန်းစိုပြေစားသောက်ဆိုင်တို့က ဆေးဝါးကူညီမှုများ၊ စားနပ်ရိက္ခာများ ကူညီပေးနေပြီး  ရှမ်းနီစာပေနဲ့ယဉ်ကျေးမှုအဖွဲ့အစည်းမှလည်း စားနပ်ရိက္ခာထောက်ပံ့ရေးအတွက် စီစဉ်နေကြောင်း သိရပါတယ်။

"အခုလောလောဆယ်တော့ မြို့ထဲကတွေကူနေကြတယ် ကံသာဦးကူတယ် ဆေးဝါးတွေကူတယ် စိမ်းလန်းစိုပြေကလည်း ဆယ်ရက်စာအဟာရဒါနကျွေးတယ် ကြက်ခြေနီကလည်း စာတင်ထားတယ်။ စာပေယဉ်ကျေးမှုအဖွဲ့ကလည်း ဆန်အိတ်တွေကောက်နေတယ် (၃၆)အိတ်ရပြီ" ဟု ရှမ်းနီစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့  ကသာမြို့က ဒေသခံစစ်ဘေးရှောင်တွေဟာ မိုးညှင်းမြို့အတွင်းကို  ဒီဇင်ဘာလနှစ်ကုန်ပိုင်းကနေစတင်ပြီး  ယနေ့အထိ နေ့စဉ်ဝင်ရောက်ခိုလှုံမှုရှိနေတာလည်း ဖြစ်ပါတယ်။

ကသာမြို့မှာလည်း မြို့အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေဟာ မြို့ကပ်လျက်ဖြစ်တဲ့ အင်းတော်၊ မော်လူး နဲ့ မိုးညှင်းမြို့တွေကို တိမ်းရှောင်နေကြသလို မြစ်ကြီးနားမြို့အထိလည်း တိမ်းရှောင်သူတွေရှိနေကြောင်းသိရပါတယ်။

Most read this week

ဟုမ္မလင်းမြို့မှာ စစ်ကော်မရှင်ဥက္ကဌနှင့် ဒေသခံများတွေ့ရစဉ် /Credit
February 17, 2026
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တချို့နေရာတွေမှာ ဆူပူသောင်းကျန်းမှုပေါများနေခြင်းဟာ...
February 16, 2026
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ခွန်ဆာကုန်း မြို့မရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက...
February 14, 2026
မြစ်ကြီးနားလေဆိပ်အနီးကို (KIA) ပူးပေါင်းတပ်တွေက (FPV Sucide Drone) တွေနဲ့ မနေ့က ဖေဖော်ဝါရီ (၁၂)...
February 13, 2026
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားတိုက်နယ်အတွင်းမှာ CDM ဝန်ထမ်း ၅ ဦးကို မြို့နယ်ပကဖ...