ဒီး‌မော့ဆိုမှာ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေ

ဒီး‌မော့ဆိုမှာ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေ
Photo credit - CJ
Photo credit - CJ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ နေ့စဥ် ဖြစ်ပွားနေဆဲပဲလို့ မြေပြင်တော်လှန်ရေးရဲဘော် တစ်ဦးဆီကနေ သိရပါတယ်။

“စစ်ရေးအခြေနေက ကျနော်တို့ကလက်ရှိ ဒီးမော့ဆိုမှာက နေ့ကော၊ ညကော ကင်းတွေယူရသလို ထိတ်တိုက်တွေ့ဆုံမူလည်း အမြဲလိုလိုရှိနေပါတယ်။ ဒါ့အပြင် ခွေး(စစ်ကော်မရှင်တပ်သား)တွေက ရှေ့ဆက်ပိုတိုးလာမယ့် အနေထားတွေကြောင့် ကျနော်တို့ အဆင်သင့်ဖြစ်အောင်နေကြရပါတယ်။”လို့ မြေပြင်ရဲဘော် တစ်ဦးကဆိုပါတယ်။

မြေပြင် တိုက်ပွဲကြာရှည်လာတာနဲ့အမျှ ရိက္ခာဝယ်ယူမှု ပိုမိုခက်ခဲလာတာ၊ မလုံလောက်တာတွေကို ရင်ဆိုင်နေရတာရှိတယ်လို့ မြေပြင် ရဲဘော်တွေဆီကနေ သိရပါတယ်။

အခုလို ရိက္ခာမလုံလောက်မှု၊ ဝယ်ယူမှု အခက်ခဲတွေကြောင့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁) နဲ့ တပ်ရင်း(၂) ပူးပေါင်းပြီး ရိက္ခာရရှိဖို့ “ဆန်ဆီရိက္ခာ သိန်း ၅၀၀” ဆိုတဲ့ ကမ်ပိန်း ပြုလုပ်နေတာရှိပါတယ်။

အဆိုပါ ရိက္ခာရရှိဖို့ ကမ်ပိန်း နဲ့ ပတ်သက်ပြီး ကမ်ပိန်း တာဝန်ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အခုလိုပြောပါတယ်။

“လက်ရှိ ပြုလုပ်နေရတဲ့ကမ်ပိန်းက ကျနော်တို့ရဲ့အရှေ့မှာရှိတဲ့ ရှေ့တန်းက ရဲဘော်တွေအတွက် အစားသောက်တွေ အဓိက ဖူလုံဖို့ ဖြစ်ပါတယ်။ နေ့မနား ညမနားရတဲ့အတွက် ဟင်းကောင်း ထမင်းကောင်း စားရဖို့ အရေးကြီးပါတယ်။”လို့ ကမ်ပိန်းတာဝန်ခံတစ်ဦးက ဆိုပါတယ်။

အဲ့ဒီကမ်ပိန်းဟာ ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ လာမယ့် ဒီဇင်ဘာကုန်အထိ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာငွေ ကျပ်သိန်း(၅၀၀) ရရှိဖို့ မျှော်မှန်းထားတာပါ။

လက်ရှိမှာလည်း ရွေးကောက်ပွဲကာလရောက်လာတဲ့အလျှောက် မြေပြင်စစ်ရေးအခြေအနေနဲ့ ဆက်စပ်ပြီး လူထုတွေ ပစ်မှတ်ထား အသုံးချ မခံဖို့နဲ့ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ မိမိတို့မြို့ကို အတတ်နိုင်ဆုံးကာကွယ်သွားဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်းကိုလည်း မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောဆိုထားပါတယ်။

February 5, 2026
ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်...
ပုံဟောင်းအသုံးပြုထားသည်။
February 4, 2026
စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်မှာ...
ဓါတ်ပုံ - KNDF BO-15
February 3, 2026
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၅) ဖွဲ့စည်းပြီး ၄ နှစ်ကျော်အတွင်း ကျဆုံးရဲဘော်...
February 2, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက လွိုင်နန်းဖမြို့နယ်မှာ Kayah Earthrights Action...