ဘီးလင်းမှာ ညပိုင်း ဖမ်းဆီးငွေညှစ်မှု ပိုမိုဆိုးရွားလာ

ဘီးလင်းမှာ ညပိုင်း ဖမ်းဆီးငွေညှစ်မှု ပိုမိုဆိုးရွားလာ
Photo credit - social media
Photo credit - social media

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အခုလကစလို့ ညပိုင်းသွားလာသူတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးငွေညှစ်မှု ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။

စစ်ကော်မရှင်တပ်၊ရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ နိုဝင်ဘာလဆန်းပိုင်းကစလို့ ည ၈ နာရီနောက်ပိုင်း သွားလာသူတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးငွေညှစ်မှုတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ညပိုင်းသွားလာသူတွေကို ပစ်မှတ်ထားဖမ်းဆီးပြီး တစ်ဦးလျှင် အနည်းဆုံး ကျပ် တစ်သိန်းကနေ ငါးသိန်းအထိ တောင်းခံတာတွေ ရှိနေပါတယ်။

အဲဒီဖမ်းဆီးငွေညှစ်ရာမှာလည်း ချက်ချင်းပြန်လွှတ်ပေးတာ မဟုတ်ဘဲ ရဲစခန်းအချုပ်မှာ တစ်ညတာ ဖမ်းဆီးထိန်းသိမ်းပြီးမှ မိသားစုဝင်တွေကတဆင့် ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ အခုလိုဖမ်းဆီးမှုဟာ အကြောင်းမဲ့သက်သက် ဝင်ငွေရှာတာ ဖြစ်ပြီး လက်နက်မဲ့ ပြည်သူတွေအပေါ် ဖိနှိပ်အနိုင်ကျင့်တာလို့ ဒေသခံတစ်ဦးက ဝေဖန်ပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ စစ်ကော်မရှင်က ညမထွက်အမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားတာ ဖြစ်ပေမယ့် အခုအခါမှာတော့ ည ၈ နာရီနောက်ပိုင်းသွားလာသူတွေကို ဖမ်းဆီးပြီး ငွေညှစ်မှုတွေ လုပ်ဆောင်နေတာပါ။

တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲ မတိုင်မီ မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ လုံခြုံရေးတိုးမြှင့်တာ၊ ကင်းပုန်းဝပ်တာတွေ ပိုများလာတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

Most read this week

January 15, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက်...
ဓာတ်ပုံ-MOI
January 14, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း၂...
January 13, 2026
အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းတဲ့ အပိုင်းလိုက် ရွေး ကောက်ပွဲမှာ မွန်...
ဓာတ်ပုံ-MOI
January 12, 2026
မွန်ပြည်နယ်မှာ လာမယ့်ရက်ပိုင်းအတွင်း စစ်ကော်မရှင် ဖွင့်လှစ်ဖို့ရှိနေတဲ့ စစ်မှုထမ်း အပတ်စဉ် ၂၁...