ဘီးလင်းမှာ ညပိုင်း ဖမ်းဆီးငွေညှစ်မှု ပိုမိုဆိုးရွားလာ

ဘီးလင်းမှာ ညပိုင်း ဖမ်းဆီးငွေညှစ်မှု ပိုမိုဆိုးရွားလာ
Photo credit - social media
Photo credit - social media

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အခုလကစလို့ ညပိုင်းသွားလာသူတွေကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးငွေညှစ်မှု ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။

စစ်ကော်မရှင်တပ်၊ရဲနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ နိုဝင်ဘာလဆန်းပိုင်းကစလို့ ည ၈ နာရီနောက်ပိုင်း သွားလာသူတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးငွေညှစ်မှုတွေ ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ညပိုင်းသွားလာသူတွေကို ပစ်မှတ်ထားဖမ်းဆီးပြီး တစ်ဦးလျှင် အနည်းဆုံး ကျပ် တစ်သိန်းကနေ ငါးသိန်းအထိ တောင်းခံတာတွေ ရှိနေပါတယ်။

အဲဒီဖမ်းဆီးငွေညှစ်ရာမှာလည်း ချက်ချင်းပြန်လွှတ်ပေးတာ မဟုတ်ဘဲ ရဲစခန်းအချုပ်မှာ တစ်ညတာ ဖမ်းဆီးထိန်းသိမ်းပြီးမှ မိသားစုဝင်တွေကတဆင့် ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ အခုလိုဖမ်းဆီးမှုဟာ အကြောင်းမဲ့သက်သက် ဝင်ငွေရှာတာ ဖြစ်ပြီး လက်နက်မဲ့ ပြည်သူတွေအပေါ် ဖိနှိပ်အနိုင်ကျင့်တာလို့ ဒေသခံတစ်ဦးက ဝေဖန်ပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ စစ်ကော်မရှင်က ညမထွက်အမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားတာ ဖြစ်ပေမယ့် အခုအခါမှာတော့ ည ၈ နာရီနောက်ပိုင်းသွားလာသူတွေကို ဖမ်းဆီးပြီး ငွေညှစ်မှုတွေ လုပ်ဆောင်နေတာပါ။

တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲ မတိုင်မီ မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာချင်းဆက်လမ်းပိုင်းတွေမှာ လုံခြုံရေးတိုးမြှင့်တာ၊ ကင်းပုန်းဝပ်တာတွေ ပိုများလာတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဓါတ်ပုံ - Asean (ပုံဟောင်း)
August 17, 2026
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ လက်ရှိ...
ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...