ကလေးမြို့နယ် ကြံသာကျေးရွာ တိုက်ပွဲအတွင်း CDF-KKG မှ ရဲဘော် ၂ ဦး ကျဆုံး

ကလေးမြို့နယ် ကြံသာကျေးရွာ တိုက်ပွဲအတွင်း CDF-KKG မှ ရဲဘော် ၂ ဦး ကျဆုံး

Chinland Defense Force (Kalay-Kabaw-Gangaw) တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကလေးမြို့နယ် တောင်ပိုင်းရှိ ကြံသာရွာကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကောင်စီ စစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက် ခဲ့တာကြောင့် CDF-KKG ရဲ့ဘော် ၂ ဦး ကျဆုံးခဲ့တယ် လို့ CDF-KKG အဖွဲ့ရဲ့ ထုတ်ပြန်ချက်များ အရ သိရှိရပါတယ်။

CDF-KKG ရဲ့ ထုတ်ပြန်ချက်များမှာ တပ်ရင်း (၂) မှ ရဲဘော် Van Ro Thang (ခ) ချင်းလေးဟာ ကြံသာရွာ တိုက်ပွဲမှာ ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူစဉ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း၊ တပ်ရင်း (၇) မှ ရဲဘော် Lal Rin Thang ဟာ စက်တင်ဘာ ၂၀ ရက်နေ့ ကြံသာရွာ တိုက်ပွဲတွင် ကျဆုံးခဲ့ကြာင်း ဖော်ပြပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကြံသာရွာ တိုက်ပွဲကြောင့် CDF-KKG တပ်ရင်း (၇) ဘက်က ရဲဘော်တစ်ဦးကိုလည်း စစ်ကောင်စီ စစ်တပ်မှ ဖမ်းဆီးခဲ့ပြီး ယင်းနေ့ မနက်ပိုင်းတွင် စစ်ကာင်စီတပ်များ၏ လက်သို့ ပြန်ပါသွားကြောင်း စစ်ရေး သတင်းအရင်းအမြစ် တစ်ဦး၏ ပြောပြချက်အရ သိရှိခဲ့ရပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းရှိ ကြံသာရွာကို CDF -KKG နဲ့ပူးပေါင်းတပ်ဖွဲ့တွေက Major Operation အဖြစ် ၂၀၂၅ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်ကနေ ကလေးနဲ့ ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီအခြေစိုက် စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တောနဲ့ အောင်သာယာ( အရှေ့၊ အနောက်) တို့ကို စစ်ဆင်ရေးပြုလုပ် သိမ်းပိုက်ခဲ့ပြီးနောက် ဧပြီလ ၁၁ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

CDF-KKG ခေါ် Chinland Defense Force (Kalay-Kabaw-Gangaw) တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကဘော်ဒေသနှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွေမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ဖြစ်ပါတယ်။

Photo credit - တော်လှန်ရေးတပ်ဖွဲ့

Most read this week

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...