ဗန်းမောက်မှာ တိုက်ပွဲပြင်းထန်‌နေပြီး လေကြောင်းတိုက်ခိုက်မှုရှိနေ

ဗန်းမောက်မှာ တိုက်ပွဲပြင်းထန်‌နေပြီး လေကြောင်းတိုက်ခိုက်မှုရှိနေ
Photo - တော်လှန်ရေးတပ်ဖွဲ့
Photo - တော်လှန်ရေးတပ်ဖွဲ့

စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်တာတွေလည်း ရှိ‌နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ မနေ့ကစပြီး ဗန်းမောက်မြို့ပေါ်အနီးဝန်းကျင်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်တယ် လို့သိရပါတယ်။

“SNA ကအင်အားတအားများတယ်။ သူတို့နယ်မြေလေ စကစဘက်ကတော့ တပ်မ ၇၇ လက်အောက်ကဘဲ။ မြို့ပေါ်ရပ်ကွက်တွေမှာဖြစ်နေတာ။ မြို့ထဲတော့မရောက်သေးဘူးထင်တယ်။ မြို့ပတ်ချာလည်စခန်းတွေ။ တိုက်ပွဲက မနေ့ကမှစဖြစ်တာ။ လေကြောင်း ၂ ကြိမ်တော့ပစ်တယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာ မနေ့ကတော့ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ ပကဖဘက်က အင်းတော်–ဗန်းမောက်မြို့ကိုဆက်သွယ်ထားတဲ့လမ်းမှန်သမျှကို စစ်ရေးကြောင့်လို့ဆိုကာ အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် မြို့ပေါ်ရပ်ကွက်ကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီနဲ့SNA ပူးပေါင်းတပ်တွေကို ပြည်သူတွေကို မြို့ပြင်ကိုထွက်ခွင့်မပေးဘူးလို့ သတင်းတွေလည်းထွက်နေပါတယ်။

“တိုက်ပွဲဖြစ်နေတယ်။ ပြည်သူတွေကိုထွက်ခွင့်မပေးဘဲနဲ့ ဗန်းမောက်မြို့ထဲက ပြည်သူတွေကိုထွက်ခွင့်မပေးဘူး ပိတ်ထားတယ်။ လမ်းတွေပိတ်ထားတယ်ဆိုတာက ဗန်းမောက်မြို့ထဲကနေ မြို့ပြင်ထွက်တဲ့လမ်းတွေကို ပိတ်ထားတာပါ။ စစ်သားတွေနဲ့ SNA တွေကပေါ့”လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ တိုက်ပွဲဖြစ်ပွားနေတာနဲ့ တိုက်ပွဲအကြား အရပ်သား ပိတ်မိနေတာတွေ ရှိကြောင်းအတည်ပြုပေမဲ့ အခြေနေအသေးစိတ်ကိုပြန်လည်ထုတ်ပြန်ပေးမယ်လို့သာ KNG ကို တုံ့ပြန်ပါတယ်။

ဒါ့အပြင် လက်ရှိတိုက်ပွဲအတွင်း အရပ်သားထိခိုက်ဒဏ်ရာရတာတွေရှိသလို နှစ်ဖက်တပ်တွေအကြား ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်လို့သိရပါတယ်။

ဗန်းမောက်မြို့နယ်ဟာ ရှမ်းနီအမျိုးသားတပ်မတော် SNA အားကောင်းတဲ့ဒေသတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်နဲ့ မြောက်ဘက်ခြမ်းတွေအပါအဝင် နေရာအများစုကို SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေကတော့ ဗန်းမောက်မြို့ တောင်ဘက်ခြမ်း၊ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းတွေက ကျေးရွာတစ်ချို့နဲ့ နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့အခြေနေလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ပူတာအိုဒေသမှာ စစ်တပ်ထောက်ခံသူတွေက KIA နဲ့ PDF ကိုဆန္ဒပြထုတ်ဖော်ခဲ့
February 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မြစ်ကြီးနားလေယာဉ်ကွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIA ကို...
February 26, 2026
မြစ်ကြီးနားမြို့မှာ အများပြည်သူသုံး လမ်းမပေါ်သဲကျောက်သယ်တဲ့...
February 25, 2026
လူထုရဲ့ကန့်ကွက်မှုတွေကြောင့် အစိုးရနှစ်ဆက် ၁၄ နှစ်ကြာရပ်နားခဲ့ရတဲ့...
By – ဂျာဘောက်ရာ
February 24, 2026
ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က...