ဖားကန့်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ

ဖားကန့်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ
Photo - CJ
Photo - CJ

ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဆိပ်မူကျေးရွာ(ဆိုင်းတောင်)အနီးမှာ ဒီကနေ့မနက် ၁၀ နာရီခွဲခန့်က စစ်ကော်မရှင်တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့မှာရှိတဲ့ စစ်ကော်မရှင်တပ်မကုန်းကနေ လက်နက်ကြီး နှစ်ကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆိုင်းတောင်နဲ့ ဘဇံချောက် ကျေးရွာဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ ဒေသခံပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ပြည်သူ သုံးဦးဟာ အသက် ၈၀ ကျော်အရွယ်၊ အသက် ၅၀ ဝန်းကျင်အရွယ်နဲ့ အသက် ၁၅ နှစ်အရွယ်တွေ ဖြစ်ကြပြီး လူမှုကူညီရေးအသင်းကနေ လာရောက်ခေါ်ဆောင်သွားပြီးတော့ ဆေးကုသမှုခံယူနေတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြည်သူတွေနေတဲ့ နေရာတွေကို လက်နက်ကြီးတွေ ပစ်ခတ်နေတာဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ပြည်သူနေတဲ့နေရာကို သိရက်သားနဲ့ လေယာဉ်နဲ့ ဗုံးကြဲနေတာတွေ အမြောက်နဲ့ ပစ်ခတ်တာတွေ အကုန်လုံးက ဂျန်နီဗာကွန်ဗင်းရှင်း(Geneva Convention)ကို မလိုက်နာတဲ့အပြင် နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်တာ ဟုတ်တယ်။ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာြဖစ်တယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်မကုန်းကနေ အေးမြသာယာကျေးရွာအုပ်စု ရှရော်ခကျေးရွာဘက် ဒရုန်းနဲ့ ပစ်ချခဲ့တဲ့အတွက် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကတည်းက မြစ်ကြီးနား-ဖားကန့်လမ်းအတိုင်း ဖားကန့်ဒေသအတွင်း ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ မှော်ဒေသတွေကိုလှည့်လည် စစ်ကြောင်းထိုးနေတာ အခုအချိန်ထိ ဖြစ်ပါတယ်။

အဲဒီလိုဝင်ရောက်လာပြီးနောက်ပိုင်း KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ကော်မရှင်တပ်ကနေ လူနေရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားသေဆုံးမှုတွေ ရှိနေတာပါ။

Most read this week

December 17, 2025
စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြစ်ကြီးနားမြို့ကို ရောက်တဲ့အချိန်...
December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...