AA ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီကို ရွေးကောက်ပွဲလုပ်ခွင့်မပေး

AA ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီကို ရွေးကောက်ပွဲလုပ်ခွင့်မပေး

ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ စစ်ကောင်စီ ရွေးကောက်ပွဲကို လုပ်ခွင့်ပေးသွားမှာမဟုတ်ဘူးလို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောလိုက်ပါတယ်။

"ကျွန်တော်တို့ထိန်းချုပ်ထားတဲ့နေရာတွေမှာတော့ ရွေးကောက်ပွဲ လုပ်ခွင့်ပေးမှာမဟုတ်ဘူး" လို့ သူက ပြောခဲ့တာပါ။

ဒီနေ့ ဩဂုတ်လ ၁၁ ရက်နေ့ ပြုလုပ်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ၁၀ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ဦးခိုင်သုခက အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။

ခေတ်အဆက်ဆက်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူတွေကို တစ်စုံတစ်ရာ အကျိုးမပြုခဲ့ဘူးလို့လည်း သူကပြောပါတယ်။

ဒါကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ အခုအချိန်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှာ မဟုတ်ဘူးလို့လည်း ဦးခိုင်သုခက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဒီနှစ်ကုန်အပိုင်းလိုက်ကျင်းပဖို့ ပြင်ဆင်နေပြီး ဥပဒေအမျိုးမျိုးကိုလည်း ပြဌာန်းနေပါတယ်။

ဒါ့အပြင် ဆုံးရှုံးထားတဲ့နယ်မြေတွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတာတွေပြုလုပ်နေသလို စစ်ကြောင်းထိုးမှုတွေကိုလည်း ပြုလုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဆန့်ကျင်သပိတ်မှောက်ဖို့တိုက်တွန်းထားပါတယ်။

May 23, 2026
စိုင်းခေ — မြန်မာလို "လူလေး၊ လုံမလေး" လို့ ခေါ်လိုက်တဲ့ အသံဟာ ဘယ်လောက်များ စိတ်ဘဝင်တွေ့စရာ...
May 22, 2026
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ လွတ်လွတ်လပ်လပ် မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ ရောင်းချသူတွေကို...
May 21, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျာယန်ကျေးရွာက မယ်ဇလီတောစစ်ရှောင်စခန်းမှာ နေထိုင်တဲ့...
May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...