KIO/KIA ဌာနချုပ် လိုင်ဇာမြို့တစ်ဝိုက် ရေကြီးမှုအတွင်း လူ ၆ ဦးသေဆုံးပြီး နေအိမ် ၄၆၀ နဲ့ တံတား ၇ စင်း ပျက်စီး

KIO/KIA ဌာနချုပ် လိုင်ဇာမြို့တစ်ဝိုက် ရေကြီးမှုအတွင်း လူ ၆ ဦးသေဆုံးပြီး နေအိမ် ၄၆၀ နဲ့ တံတား ၇ စင်း ပျက်စီး

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီးတစ်ဝိုက် ရေကြီးရေလျှံမှုအတွင်း ပြည်သူ ၆ ဦး သေဆုံးခဲ့တဲ့အပြင် နေအိမ်အလုံး ၄၆၀ နဲ့ တံတား ၇ စင်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ဩဂုတ်လ ၅ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်မှာ‌ ရေကြီးမှုအတွင်း နေအိမ် ၄၆၈ လုံး ထိခိုက်ပျက်စီးသွားတဲ့အပြင် မုန်လိုင်ချောင်း တံတား၊ လဂျားယန် တံတား၊ နားလုံနဲ့ မန်ဆိုင်းလမ်းတံတား စတဲ့ တံတားပေါင်း ၇ စင်း ထိခိုက်ပျက်စီးခဲ့လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လိုင်ဇာနဲ့ တာကောချောင်းတံတားကြား လမ်းနေရာ ၆ ခုမှာ မြေပြိုခဲ့ပြီး သွားရေးလာရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်လောက်ကနေ မိုးသည်းထန်လာတဲ့အတွက် ဂျေယန့်ချောင်းရေ ကြီးလာပြီး တောင်ကျချောင်းရေးအနဲ့တူ ချောင်းအနီးတည်ရှိတဲ့ စစ်ရှောင်စခန်းတွေနဲ့ ရွာတွေမှာ ရေဘေးသင့်ခဲ့တာပါ။

ရေဘေးသင့်ခဲ့တဲ့ ရွာတွေကတော့ ဖွမ်မိုင်ယန်၊ ဆွတ်မူအောင်၊ ဖွမ်လွမ်ယန်၊ ဂျေယန့် စစ်ရှောင်စခန်းအပြင် ဂျာထူကောင်၊ မုန်းဆိုင်ယန်ရွာတွေ ဖြစ်ပါတယ်။

အထက်ပါ ရုတ်တရက် ရေကြီးလာမှုအတွင်း တစ်ချို့ နေအိမ်တွေ နေအိမ်တစ်ခုလုံး ရေထဲမျောပါသွားတာ ရှိသလို တစ်ချို့ ထိခိုက်ပျက်စီးသွားတာတွေရှိပြီး စာသင်ကျောင်း၊ မူကြိုကျောင်းတွေလည်း ထိခိုက်ပျက်စီးသွားတာ ရှိတယ်လို့ ပြောပါတယ်။

ကချင်လွတ်လပ်ရေးကောင်စီ(KIC)ကနေ ကူညီကယ်ဆယ်ရေးကော်မတီ ဖွဲ့စည်းပြီး ရေဘေးသင့်ပြည်သူတွေကို လိုအပ်တဲ့ ပစ္စည်း၊ နေရာထိုင်ခင်းတွေ ကူညီ ဆောင်ရွက်ပေးနေတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် လက်ရှိ ထိခိုက်ပျက်စီးသွားတဲ့ လမ်း၊ တံတား၊ လျှပ်စစ်မီးတွေနဲ့ ပတ်သက်ပြီး ပြုပြင်ဆောင်ရွက်ရေး အပိုင်းတွေမှာ သက်ဆိုင်ရာဌာနတွေကနေ တာဝန်ယူ ဆောင်ရွက်နေပြီလို့လည်း သိရပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...