ကျောက်ဖြူတွင် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ စစ်ရှောင် ဆရာတော်တစ်ပါး ဒဏ်ရာရ

ကျောက်ဖြူတွင် ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ စစ်ရှောင် ဆရာတော်တစ်ပါး ဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆရာတော်တစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ (ဇူလိုင် ၂၂ ရက်)၊ ည ၁၂ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသော ဇိုင်ချောင်းကျေးရွာက ကျောင်းထိုင်ဆရာတော်မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ဗုံးက နှစ်လုံးကြဲချတာ။ ဘုန်ကြီးကျောင်းနဲ့ သိမ်ကြားမှာကျပြီး ဆရာတော်တစ်ပါး ဒဏ်ရာရသွားတယ်။ ဆရာတော်ကိုတော့ ဆေးကုသဖို့ ပင့်ဆောင်သွားလို့ ဒဏ်ရာပြင်းလားဆိုတာ မသိရသေးဘူး” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ဗုံးကြဲခံရမှုကြောင့် ကျောက်ပြောက်ကျေးရွာဘုန်းတော်ကြီးကျောင်းဆောင်နှင့် သိမ်တော်တို့ ပျက်စီခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း ကျောက်ပြောက်ကျေးရွာကို စစ်ကောင်စီ စစ်သင်္ဘောကနေ လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ပြိုင်းစေ့ကေကျေးရွာက စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦး ဒဏ်ရာရှိခဲ့သည်။

ကျောက်ပြောက်၊ မင်းပြင်၊ ပြူးချွိန်၊ ဇင်ချောင်းစသည့် ကျေးရွာများမှာ ရန်ကုန်-ကျောက်ဖြူ ကားလမ်းမဘေးတွင် ရှိကြပြီး ယင်းကျေးများရွာအနီး ပင်လယ်ပြင်ကနေ စစ်သင်္ဘောများမှလည်း လက်နက်ကြီးပစ်ခတ်မှုများကို မကြာခဏ ခံနေကြရသည်။

“ဇင်ချောင်းကနေ မင်းပြင်ရွာအထိ အဲဒီအရှေ့က ပင်လယ်ပြင်မှာ စစ်သင်္ဘောတွေ အမြဲတမ်း ရပ်ထားတယ်။ အဲဒီသင်္ဘောတွေက ရွာတွေကို တိုက်ခိုက်တာရှိသလို အခုဆိုရင် လေယာဉ်နဲ့ပါလာပြီး ဗုံးကြဲတာဖြစ်တယ်” ဟု နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

DMG က ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၄ မတ်လက စပြီး ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောများနှင့် လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးနှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၁၅ ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ ၃၀ ဦးထက်မနည်း ရှိလာသည်။

လက်ရှိ ကျောက်ဖြူတိုက်ပွဲမှာ ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ကစ၍ နှစ်ဘက်ထိတွေ့တိုက်ပွဲများမရှိဘဲ အနည်းငယ် ငြိမ်သက်နေသော်လည်း စစ်ကောင်စီဘက်က စစ်သင်္ဘောများနှင့် မြေပြင်တပ်စခန်းများမှ လက်နက်ကြီး ပစ်ခတ်မှုများအပြင် လေကြောင်းဗုံးကြဲမှုများ ရှိနေသည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...