ငလျင်ကြောင့် မြန်မာတွင် ကလေးသန်းချီ အန္တရာယ်ကြုံတွေ့နေ

ငလျင်ကြောင့် မြန်မာတွင် ကလေးသန်းချီ အန္တရာယ်ကြုံတွေ့နေ

အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတွင် ကလေးငယ် သန်းနှင့်ချီ အန္တရာယ် ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂ ကလေးငယ်များရံပုံငွေအဖွဲ့ (UNICEF) က ပြောသည်။

အဆိုပါ အင်အားပြင်းငလျင်ကြောင့် မြန်မာတွင် လက်ရှိအချိန်ထိ ကနဦး ၁,၆၀၀ ကျော်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိကာ ဒဏ်ရာရရှိခဲ့သူ ၃,၄၀၀ ဦးကျော်ကာ ထိုထဲ၌ ကလေးငယ်များ အများစုဖြစ်သည်ဟု ယူနီဆက် (UNICEF) က ပြောသည်။

“မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် အကျပ်အတည်းတစ်ခု၏ ထိပ်တွင် အကျပ်အတည်းကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရပါတယ်။ UNICEF အနေနဲ့ အသက်ကယ်လုပ်ငန်းကို အရှိန်မြှင့်လုပ်ဆောင်နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက တုံ့ပြန်ဆောင်ရွက်နေပေမဲ့ ကလေးများနဲ့ သူတို့ရဲ့ မိသားစုအသက်ကို ကယ်တင်ရန်နဲ့  ကာကွယ်ရန်အတွက် အရင်းအမြစ်များ ပိုမိုလိုအပ်နေပါသည်” ဟု UNICEF အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကက်သရင်းရပ်ဆဲလ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းငလျင် ဖြစ်ပွားပြီးနောက် နောက်ဆက်တွဲငလျင်များလည်း ဆက်တိုက်လှုပ်ခတ်နေသည်။

နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် သဘာရေးအဆောက်အအုံများလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရပြီး မြေပြိုမှုများနှင့် လမ်းများပြိုကျခြင်းများကြောင့် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုများ ဖြစ်ပွားနေသည်။

ထို့အပြင် ငလျင်ဒဏ်ကြောင့် ‌နေပြည်တော်အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းများတွင် သေဆုံးသူအများအပြားရှိခဲ့ပြီး လူနေအိမ်များ၊ လမ်းတံတား အဆောက်အအုံများ၊ စေတီပုထိုးများနှင့် ဘာသာရေးအဆောက်အုံအများအပြား ထိခိုက်ပျက်စီးသွားခဲ့ရသည်။

ပြီးခဲ့သည့်နှစ်ကလည်း မြန်မာနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံများသို့ ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေကြီး၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ကလေး ၆ သန်းနီးပါးသည် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့ ထိခိုက်နစ်နာမှုများရှိခဲ့သည်ဟု ယူနီဆက်က ပြောဆိုထားသည်။

ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...
(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...