လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် မန္တလေး-ရှမ်းမြောက် ကုန်သွယ်ရေးကို စစ်ကိုင်းတိုင်းမှ ပတ်သွားရ

လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် မန္တလေး-ရှမ်းမြောက် ကုန်သွယ်ရေးကို စစ်ကိုင်းတိုင်းမှ ပတ်သွားရ

မန္တလေး-ရှမ်းမြောက် ကုန်သွယ်ရေးလမ်းပိုင်းဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပျက်တောက်ခဲ့ပြီးနောက် လက်ရှိမှာ စစ်ကိုင်းတိုင်းထဲကနေ ရှမ်းမြောက်အထိ ကူးသန်းသွားလာနေကြရတယ်လို့ ယာဉ်မောင်းတွေနဲ့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

“အခုက ရှမ်းမြောက်ကို ဒီ စစ်ကိုင်းကနေပတ်ပြီး မန္တလေး အဲ့လိုသွားတာ၊ အဲ့တာ ဟိုဘက် (တောင်ကြီး) လမ်းထက် ပိုမြန်တယ်၊ သွားရလာရတာ နီးသွားတာပါ့” လို့ ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းသို့ တင်ပို့တဲ့ ကုန်ပစ္စည်းများကို မန္တလေးမှ စစ်ကိုင်းတိုင်း အဲ့ဒီကနေတဆင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေဆီသို့ သွားကြရတာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းမြောက်ကို ယခင်က မန္တလေး-မူဆယ် ဗျူဟာလမ်းပိုင်းကနေ တိုက်ရိုက်သွားနိုင်ပြီး တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မန္တလေး-တောင်ကြီး-ကျေးသီး လမ်းပိုင်းကို အသုံးပြုခဲ့ရတာ တစ်နှစ်ကျော် ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရှမ်းမြောက်ကို စစ်ကိုင်းတိုင်းကနေ မန္တလေးတိုင်းဒေသကြီး  မိုးကုတ်မြို့ကနေတဆင့် သွားလာလို့ရနေပြီဖြစ်ပြီး ယခင်ထက် အချိန်များစွာ လျော့ချနိုင်တာလည်းဖြစ်ပါတယ်။

ရှမ်းမြောက်က  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်သွယ်ရေးတွေ မစနိုင်သေးဘူးလို့ သိရပါတယ်။

သို့ပေမယ့် ရှမ်းမြောက်အတွက် လိုအပ်တဲ့ ကုန်စည်နဲ့ စက်သုံးဆီတွေကို မန္တလေးတိုင်းကနေတဆင့် သယ်ယူနေရပြီး အဆင့်ဆင့်ပေးဆောင်ရတဲ့ ဂိတ်ကြေးတွေနဲ့ အခွန်အခကောက်ခံမှုတွေကြောင့်လည်း ရှမ်းမြောက်ဒေသခံတွေက ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းမြောက်က မြို့နယ်အားလုံးနီးပါးကို တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA၊ နဲ့ PDF တပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေးနဲ့ တိုက်ခိုက်သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။

February 11, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားမှုကို...
February 10, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NUG ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့...
February 7, 2026
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှ ဒေသခံ ၃၆ ဦးကို ကိုးကန့်တပ် MNDAA တွေက...
February 5, 2026
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးမြို့(လုံးတုံ)ရဲ့ စစ်ကော်မရှင်ရဲ့...