ကျောက်နီမော်ရွာမှာ AA က စားနပ်ရိက္ခာ လှူဒါန်းတာမရှိဘူးလို့ စစ်တပ် သတင်းမှားဖြန့်

ကျောက်နီမော်ရွာမှာ AA က စားနပ်ရိက္ခာ လှူဒါန်းတာမရှိဘူးလို့ စစ်တပ် သတင်းမှားဖြန့်

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “စစ်တပ် ဗုံးကြဲခဲ့တဲ့ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာရှိ မွတ်ဆလင်စစ်ဘေးရှောင်တွေကို AA က စားနပ်ရိက္ခာလှူဒါန်း မရှိဘူး” ဆိုပြီး စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေကနေ သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေကနေ သတင်းအမှားဆိုပြီး ဇန်နဝါရီ ၁၇ ရက်က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း တောင်ဘက်စွန်းပိုင်းက ကျောက်နီမော်ရွာရဲ့ ဈေးပေါ်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီ ၈ ရက် နေ့လည် ၁ နာရီကျော်အချိန်မှာ လေကြောင်းဗုံးကြဲခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၁ ဦး သေဆုံးခဲ့ရပြီး အပြင်းအထန် ဒဏ်ရာရခဲ့တဲ့ ကလေးနဲ့အမျိုးသမီးတွေအပါအဝင် ထိခိုက်သူ ၅၂ ဦးကို ကုသမှုပေးဖို့ ကယ်ဆယ်ရေးအဖွဲ့တွေမှာ ဆေးဝါးအခက်အခဲတွေ ကြုံနေရတယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျောက်နီမော်ကျေးရွာဟာ မွတ်စလင်လူမျိုးတွေ အများစုနေထိုင်တဲ့နေရာဖြစ်ပြီး လတ်တလောမှာ လေကြောင်းအန္တရာယ်ကြောင့် ကျောက်နီမော်ဒေသခံတွေ စုဝေးနေတဲ့နေရာကို AA ဘက်က သတင်းမထုတ်ပြန်ဘဲ အိမ်တွေ မီးထဲပါကုန်တဲ့ ပြည်သူတွေလည်း အခက်အခဲတွေဖြစ်နေတယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

BBC သတင်းဌာနက သတင်းလင့်>>> https://shorturl.at/nkUPP

ဒေသတွင်းသတင်းဌာနဖြစ်တဲ့ နိရဉ္စရာသတင်းဌာနမှာ ဇန်နဝါရီ ၁၇ ရက်နေ့က သတင်းမှာတော့ စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကျောက်နီမော်ကျေးရွာက နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ULA/AA မှ အရေးပေါ်ရိက္ခာဆန် တစ်ပတ်စာကို အိမ်ထောင်စု ၃၇၉ စု၊ ကျား ၇၃၂ ဦး၊ မ ၉၅၀ ဦး၊ စုစုပေါင်း ၁၆၈၂ ဦးတို့ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ အရေးပေါ် ကူညီထောက်ပံ့မှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်တိုက်ခိုက်မှုကြောင့် မူဆလင်ပြည်သူအများစုနေထိုင်ရာ တောင်ပိုင်းရပ်ကွက်အပါအဝင် မြောက်ပိုင်းရပ်ကွက်နဲ့ အလယ်ပိုင်းရပ်ကွက်တို့မှ ပြည်သူ ၂၈ ဦးသေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အပြင် ရုပ်အလောင်းပင် ရှာမတွေ့တဲ့ ပြည်သူ ၁၁ ဦးထိရှိခဲ့ကာ လူနေအိမ် စုစုပေါင်း ၃၉၈ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ HDCO က သတင်းထုတ်ပြန်ထားပါတယ်။

ဒါဏ်ရာရလူနာတွေကို ဆေးကုသပေးတာတွေအပါအဝင် အခြားလိုအပ်ချက်များစွာကို အကူအညီတွေ ဆက်ပေးနိုင်ဖို့ လူမှုကယ်ဆယ်၊ ကူညီရေးအဖွဲ့တွေနဲ့ ချိတ်ဆက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ထုတ်ပြန်ချက်လင့်>>> https://t.me/hdcoULA/567

နိရဉ္စရာ သတင်းဌာနက သတင်းလင့်>>> https://shorturl.at/ZUulT

DVB သတင်းဌာနကဖော်ပြထားတဲ့လင့်>>> https://shorturl.at/ylG7I

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

Most read this week

February 14, 2026
တော်လှန်ရေးခရီးဟာ ၅ နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်လို့ အားလုံးဟာ ခရီးပန်းမှုဒဏ်ကို...
February 13, 2026
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနယ်မြေဒေသထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...
February 12, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်...
February 12, 2026
The junta has reportedly been burning and destroying documents linked to the 2020 election,...