ပွင့်ဖြူမြို့နယ်တွင် ပျူစောထီးတို့က ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများကို ဖမ်းဆီးနေ

ပွင့်ဖြူမြို့နယ်တွင် ပျူစောထီးတို့က ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများကို ဖမ်းဆီးနေ

Photo - Social Media

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပျူစောထီးများက ရခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများကို အဓမ္မဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ရခိုင်မှတ်ပုံတင် ၁၁/ ကိုင်ဆောင်သူ လူငယ်တစ်ဦးကို ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပွင့်ဖြူ - ရှောက်တော တံတား၌ ဖမ်းဆီးသွားကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

“အဲဒီကလေးက ရခိုင်မှတ်ပုံတင်ကိုင်လို့တဲ့ ကောင်လေးကိုင်တဲ့ဖုန်းကအစ သိမ်းတာ။ အဲဒီတံတားမှာက ပျူစောထီးတွေပဲရှိတာ။ ထိုးကြိတ်ပြီးတော့ ဖမ်းသွားတယ်။ အဲဒီကလေးရဲ့ ပစ္စည်းတွေကိုကြတော့ နောက်နေ့တန်းရောင်းနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဖြစ်ရပ်မျိုးမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ တံတားကိုဖြတ်လာသော ခရီးသည်များကို မကြာခဏ စစ်ဆေးကာ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်ပါက ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်းများလည်း ပျူစောထီးတို့က လုပ်ဆောင်နေသည်ဟု သိရသည်။

ထို့အပြင် စစ်မှုထမ်းအတွက် စုဆောင်းမှုများလည်းရှိပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ခရီးသွား ၆ ဦးကို ပွင့်ဖြူ - စလင်း လမ်းပိုင်း ပွင့်ဖြူဘက်ခြမ်းတွင် စစ်ကောင်စီက ဖမ်းဆီးမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပွင့်ဖြူ - ရှောက်တော တံတားကို လုံခြုံရေးယူထားသည့် ပျူစောထီးများက ဒေသခံစျေးသည်များကိုလည်း ဆဲဆိုခြင်း၊ အဓမ္မငွေညှစ်ခြင်များ လုပ်ဆောင်နေပြီး မကြာခဏဆိုသလို လူငယ်များအပေါ် ဦးတည်တိုက်ခိုက်မှုတို့ကို လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ-USDP
March 25, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ စစ်တပ်ကျောထောက်နောက်ခံ...
March 24, 2026
မွန်ပြည်နယ်မှာ အခုလအတွင်း စစ်ကော်မရှင် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၃ သင်တန်းအတွက်...
ဓာတ်ပုံ-CJ
March 23, 2026
အရှေ့အလယ်ပိုင်းဒေသက အီရန်နဲ့ အမေရိကန်-အစ္စရေး စစ်ပွဲကြောင့် တခြားနိုင်ငံတွေနည်းတူ...
ဓာတ်ပုံ-USDP
March 21, 2026
စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့...