တောင်ကုတ်မှ ထွက်ပြေးစစ်ကောင်စီတပ်က နိုင်ကျဉ်းများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

တောင်ကုတ်မှ ထွက်ပြေးစစ်ကောင်စီတပ်က နိုင်ကျဉ်းများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား
မောင်တောအခြေစိုက် နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း AA က ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ - AA Info Desk
မောင်တောအခြေစိုက် နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း AA က ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ - AA Info Desk

ရခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) ကို ကွပ်ကဲနေသည့် ဗိုလ်မှူးချုပ် ကောင်းမြတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သည် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများကို  လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ကာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုပြီး မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် အကျဉ်းသားများ ၃၀ ခန့်ကို ခေါ်ဆောင်ကာ ရခိုင်ရိုးမတောင်တန်းကိုဖြတ်၍ ထွက်ပြေးသွားခြင်းဖြစ်သည်။

AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက “၁၇ (၁) ပုဒ်မနဲ့ တရားရင်ဆိုင်နေတဲ့ အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီးထွက်ပြေးသွားတယ်။ တောင်ကုတ် ကျောက်တံခါးရွာဖက်က ရခိုင်ရိုးမတောင်ကို ဖြတ်ပြီးတော့ ထွက်ပြေးသွားတယ်လို့ သိရတယ်” ဟု ပြောသည်။

AA က တောင်ကုတ်မြို့ကို AA က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် နိုင်ငံရေးအကျဉ်းသားများကို စကခ (၅) ဌာနချုပ်သို့ ပို့ဆောင်ခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်တွင် AA က တောင်ကုတ်မြို့ကို ထိန်းချုပ်ပြီးနောက် စကခ (၅) ဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေချိန် ဒီဇင်ဘာလ ပထမပတ်တွင် ဗိုလ်မှူးချုပ် ကောင်းမြတ်နှင့်အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

တရားစွဲခံထားရသူနှင့် နီးစပ်သူတစ်ဦးက “စကခ (၅) တိုက်ပွဲအတွင်း သေဆုံးသူတွေလည်းရှိတယ်လို့ သိရတယ်။ တချို့ကိုတော့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်။ ကျနော့်သူငယ်ချင်းလည်း အသက်ရှင်နေလား၊ သေသွားပြီလားဆိုတာ အခုထိ မသိရသေးဘူး” ဟု ပြောသည်။

စကခ (၅) ကို ဒီဇင်ဘာလ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက်ကာ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီး လွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံတိုက်ခိုက်နေကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

Most read this week

January 24, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မြို့နယ်များတွင် ဘိန်းစာရွက်ကို အရည်ကြိုပြီး အာဆီယံ မူးယစ်ဆေးဝါးအဖြစ်...
January 23, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ဒေသရှိ ကလေးသူငယ်များမှာ ရာသီဥတုပြောင်းလဲမှုနှင့်အတူ ယခု...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ကျောက်တော်မြို့နယ် ချောင်းတူ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲပြီးနောက်ပိုင်း မြင်တွေ့ရသည့် သုံ့ပန်းမိသားစုဝင်များ။
January 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းနှင့် မိသားစုဝင်များ...
ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း တရားမဝင်ခုတ်လှဲထားသော သစ်ပင်တချို့ကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
January 21, 2026
ရခိုင်ဒေသအတွင်း သစ်အရောင်းအဝယ်ဈေးကွက်တွင် ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး ဝယ်ယူဆောက်လုပ်သူလည်း...