တောင်ကုတ်မှ ထွက်ပြေးစစ်ကောင်စီတပ်က နိုင်ကျဉ်းများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

တောင်ကုတ်မှ ထွက်ပြေးစစ်ကောင်စီတပ်က နိုင်ကျဉ်းများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား
မောင်တောအခြေစိုက် နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း AA က ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ - AA Info Desk
မောင်တောအခြေစိုက် နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း AA က ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ။ ဓာတ်ပုံ - AA Info Desk

ရခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) ကို ကွပ်ကဲနေသည့် ဗိုလ်မှူးချုပ် ကောင်းမြတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သည် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများကို  လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ကာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဆိုပြီး မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် အကျဉ်းသားများ ၃၀ ခန့်ကို ခေါ်ဆောင်ကာ ရခိုင်ရိုးမတောင်တန်းကိုဖြတ်၍ ထွက်ပြေးသွားခြင်းဖြစ်သည်။

AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက “၁၇ (၁) ပုဒ်မနဲ့ တရားရင်ဆိုင်နေတဲ့ အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီးထွက်ပြေးသွားတယ်။ တောင်ကုတ် ကျောက်တံခါးရွာဖက်က ရခိုင်ရိုးမတောင်ကို ဖြတ်ပြီးတော့ ထွက်ပြေးသွားတယ်လို့ သိရတယ်” ဟု ပြောသည်။

AA က တောင်ကုတ်မြို့ကို AA က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် နိုင်ငံရေးအကျဉ်းသားများကို စကခ (၅) ဌာနချုပ်သို့ ပို့ဆောင်ခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်တွင် AA က တောင်ကုတ်မြို့ကို ထိန်းချုပ်ပြီးနောက် စကခ (၅) ဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေချိန် ဒီဇင်ဘာလ ပထမပတ်တွင် ဗိုလ်မှူးချုပ် ကောင်းမြတ်နှင့်အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများကို လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

တရားစွဲခံထားရသူနှင့် နီးစပ်သူတစ်ဦးက “စကခ (၅) တိုက်ပွဲအတွင်း သေဆုံးသူတွေလည်းရှိတယ်လို့ သိရတယ်။ တချို့ကိုတော့ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်။ ကျနော့်သူငယ်ချင်းလည်း အသက်ရှင်နေလား၊ သေသွားပြီလားဆိုတာ အခုထိ မသိရသေးဘူး” ဟု ပြောသည်။

စကခ (၅) ကို ဒီဇင်ဘာလ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက်ကာ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီး လွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံတိုက်ခိုက်နေကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...