မင်းဘူး မန်းရွှေစက်တော်ရာဘုရားအနီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထား

မင်းဘူး မန်းရွှေစက်တော်ရာဘုရားအနီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထား

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ရာဘုရားအနီးတွင် စစ်ကောင်စီက လုံခြုံရေးတိုးချခြင်း၊ လက်နက်ကြီးအထိုင်ချခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်မှစတင်၍ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၉ ရက်နေ့တွင် လုံခြုံရေးထပ်မံချလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အများစုကတော့ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေများပါတယ်။ စကုဘက်ကနေ ရွှေစက်တော်လမ်းခွဲတွေကိုပို့တာ။ သုံးယောက်တစ်စု လေးယောက်တစ်စု လမ်းဘေးတွေမှာ ချထားတယ်” ဟု ဆိုသည်။

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလလယ်ခန့်တွင် ဖွင့်ပွဲပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ တင်ဒါကိစ္စများပါ ဆောင်ရွက်နေရသည့်အတွက် ဖွင့်ပွဲလုပ်မည့်ရက် ကြေညာမှုမျိုး မတွေ့ရှိရသေးကြောင်း သိရသည်။

စစ်ကောင်စီကို အဓိက ဝင်ငွေရှာပေးနေသည့် မန်းရွှေစက်တော်ရာဘုရားကျေးရွာ အုပ်ချုပ်ရေးမှူးကို ကာကွယ်ရေးအဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလတွင် ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

မန်းရွှေစက်တော်ရာဘုရားကျေးရွာ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီးနောက် ဘုရားရွာတွင် စစ်ကောင်စီတပ်များက လက်နက်ကြီးအထိုင်ချပြီး ရမ်းသမ်းပစ်ခတ်မှု၊ ဒရုန်းချတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

မန်းရွှေစက်တော်ရာ ဘုရားဘက်သို့ ပဒါန်းဘက်မှလာသော စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်နှင့် စကုဘက်မှလာသော စစ်ကောင်စီအင်အား ၅၀ ဝန်းကျင်တို့သည် နိုဝင်ဘာလမှစတင်ကာ နေရာယူထားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်တွင် ပျူစောထီးအင်အား ၈၀ ဝန်းကျင် ထပ်တိုးလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားသည် နှစ်စဉ် စစ်ကောင်စီ၏ ဒုတိယဝင်ငွေအရဆုံးဘုရားဖြစ်သော်လည်း လက်ရှိအချိန်အထိ ဘုရားဖွင့်ပွဲလုပ်ရန် ကြေညာမှုမျိုး မတွေ့ရှိရသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်တွင် ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်၌ စစ်ကောင်စီတပ်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။

August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...