စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ လျှောက်ထား

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ လျှောက်ထား
Ref:ICC ဓာတ်ပုံ – ICC, Getty Image
Ref:ICC ဓာတ်ပုံ – ICC, Getty Image

ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုဝင်ဘာ ၂၇ ရက်မှာ ဦးတိုက်လျှောက်ထားလိုက်ကြောင်း နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရှေ့နေ Karim A.A. Khan KC က ပြောကြားလိုက်ပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးသွားခဲ့ရတဲ့ ဖြစ်ရပ်တွေကို မိမိရဲ့ ရုံးက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်ကတည်းက စုံစမ်းစစ်ဆေးခဲ့ကြောင်း ရှေ့နေ Karim က ဆိုပါတယ်။

အဲဒီ ရာဇဝတ်မှုတွေဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကနေ ဒီဇင်ဘာ ၃၁ ရက်ကြားမှာ မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့ ၊ နယ်ခြားစောင့်တပ်နဲ့ ရိုဟင်ဂျာ မဟုတ်တဲ့ အရပ်သားတွေ ပူးပေါင်း ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း စုံစမ်းသိရတယ်လို့ သူက ပြောပါတယ်။

ဒါက မြန်မာနိုင်ငံမှာရှိတဲ့ အဆင့်မြင့်အရာရှိ တစ်ဦးကိုဖမ်းဝရမ်းထုတ်ဖို့ ပထမဆုံး လျှောက်ထားမှု ဖြစ်ပြီး နောက်ထပ် လျှောက်ထားမှုတွေလည်း လာဦးမယ်လို့ သိရပါတယ်။

အခုလို လျှောက်ထားမှုဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရေး လုံလောက်တဲ့ စံချိန်စံညွှန်းတွေ ပြည့်၊မပြည့်ဆိုတာကတော့ ICC တရားသူကြီးတွေ ဆုံးဖြတ်ရမယ့် အပိုင်းဖြစ်သွားပြီလို့ ရှေ့နေ Karim က ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အစုလိုက်အပြုံလိုက် နှင်ထုတ်မှု၊ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုစတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူဖြစ်ကြောင်း မိမိတို့ရုံးက စုံစမ်း တွေ့ရှိထားတယ်လို့ သူက ဖြည့်စွက် ပြောကြားထားပါတယ်။

အခု တရားရုံးသို့ လျှောက်ထားချက်မှာ မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်တွေ၊ မှတ်တမ်း အထောက်အထားတွေနဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ အပါအဝင် အထောက်အထား များစွာကို အတူတင်ပြ လျှောက်ထားတာ ဖြစ်ပါတယ်။

February 28, 2026
မွန်အမျိုးသမီးတွေအနေနဲ့ မွန်ပြည်နဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ နိုးကြားတက်ကြွစွာ...
February 27, 2026
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး အမိန့်နဲ့...
February 26, 2026
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က...
February 25, 2026
ပိုင်ကျုံ — ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေထဲ စစ်ကော်မရှင်တပ်...