ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ မြန်မာကအများဆုံးဖြစ်လာ

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ မြန်မာကအများဆုံးဖြစ်လာ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ ကမ္ဘာမှာမြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေ မြန်မာကအများဆုံးဖြစ်လာတယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL က နိုဝင်ဘာ ၂၀ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၁၀၀၀ ကျော်ထိရှိခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် နှစ်စဉ်လူသေဆုံးမှုများနေတဲ့ ဆီးရီးယားနိုင်ငံထက် ထိခိုက်သေဆုံးသူ ၇၀ ဦး ပိုများခဲ့တယ်လို့ ဆိုပါတယ်။

နှစ်စဉ် ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်တဲ့ ဆီးရီးယားနိုင်ငံမှာတောင် ၂၀၂၃ ခုနှစ်အတွင်းမှာ ၉၃၃ ဦးသာ သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေဟာ အဖွဲ့က ကောက်ယူထားတဲ့ အချက်အလက်စာ ရင်းတွေထက် မြေပြင်မှာ နှစ်ဆ ၊ သုံးဆပင် ပိုများနိုင်တယ်လို့ ICBL က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရမှု အရေအတွက်ဟာ ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးအရေအတွက်ဖြစ်ခဲ့ပြီး ကာလရှည်ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အာရပ်နိုင်ငံ ဆီရီးယားထက် အခြေအနေဆိုးလာတာပါ။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့အချက်အလက်တွေအရ စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုအရေအတွက် ၂၅၂ ဦးသာ ရှိခဲ့ပေမယ့် အာဏာသိမ်းသုံးနှစ်အတွင်း ၁၇၂၆ ဦးအထိ ရှစ်ဆနီးပါးတိုးမြှင့်လာတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...