ဆောင်းရာသီရောက်လာလို့ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ၂ သောင်းဝန်းကျင်ဟာ အနွေးထည်အင်္ကျီ၊ စောင် နဲ့ စားနပ်ရိက္ခာလိုအပ်နေကြ

ဆောင်းရာသီရောက်လာလို့ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ၂ သောင်းဝန်းကျင်ဟာ အနွေးထည်အင်္ကျီ၊ စောင် နဲ့ စားနပ်ရိက္ခာလိုအပ်နေကြ

ဆောင်းရာသီရောက်လာလို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၂ သောင်းဝန်းကျင်လောက်ဟာ  အနွေးထည်အင်္ကျီ၊ စောင်တွေနဲ့ စားနပ်ရိက္ခာ လိုအပ်နေကြတယ်လို့ ပလက်ဝကောင်စီလူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက ပြောပါတယ်။

ပလက်ဝကောင်စီ လူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက “ပြည်တွင်း၊ ပြည်ပက ပလက်ဝစစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာအခက်ခဲလည်းရှိသလို လက်ရှိဆောင်းတွင်းဆိုတော့ အနွေးထည်အင်္ကျီ၊ စောင်တွေလိုအပ်ကြတယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်နေတဲ့ ဒေသခံပြည်သူ ၁၄၀၀၀( တစ်သောင်းလေးထောင်) ကျော်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်မှာတော့ ၄၀၀၀(လေးထောင်) ကျော် ရှိကြတယ်လို့လည်း ပလက်ဝကောင်စီရဲ့  လူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက ပြောပါတယ်။

ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၆၀၀၀ ( ခြောက်ထောင်) ကျော်လောက်က ပလက်ဝကောင်စီ အုပ်ချုပ်မှုလည်ပတ်နေတဲ့အောက်မှာရှိပြီး ကျန်တဲ့ ၈၀၀၀ ( ရှစ်ထောင်) ကျော်လောက်က အာရက္ခတပ်တော်(AA)  ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ပြင်းထန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်ကစလို့ ပလက်ဝမြို့နယ်က ဒေသခံပြည်သူတစ်ချို့ဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်ခဲ့ရပြီး ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် တကျော့ပြန်ပြီး တိုက်ပွဲပြင်းထန်ချိန်မှာတော့ လူဦးရေ ၉၀၀၀၀ ( ကိုးသောင်း) ကျော်နေထိုင်တဲ့ ပလက်ဝမြို့နယ်က ဒေသခံပြည်သူအများစုဟာ ဘေးလွတ်ရာကို ထပ်မံပြီး အခုအချိန်ထိ စစ်ဘေးရှောင်နေကြရပါတယ်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA )က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးတိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားပါတယ်။ ပလက်ဝမြို့က ဒေသခံ အများစုဟာ လက်ရှိအချိန်အထိ မြို့ကိုပြန်မလာနိုင်သေးပဲ စစ်ဘေးရှောင်နေကြရပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...