ဆောင်းရာသီရောက်လာလို့ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ၂ သောင်းဝန်းကျင်ဟာ အနွေးထည်အင်္ကျီ၊ စောင် နဲ့ စားနပ်ရိက္ခာလိုအပ်နေကြ

ဆောင်းရာသီရောက်လာလို့ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ၂ သောင်းဝန်းကျင်ဟာ အနွေးထည်အင်္ကျီ၊ စောင် နဲ့ စားနပ်ရိက္ခာလိုအပ်နေကြ

ဆောင်းရာသီရောက်လာလို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူ ၂ သောင်းဝန်းကျင်လောက်ဟာ  အနွေးထည်အင်္ကျီ၊ စောင်တွေနဲ့ စားနပ်ရိက္ခာ လိုအပ်နေကြတယ်လို့ ပလက်ဝကောင်စီလူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက ပြောပါတယ်။

ပလက်ဝကောင်စီ လူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက “ပြည်တွင်း၊ ပြည်ပက ပလက်ဝစစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာအခက်ခဲလည်းရှိသလို လက်ရှိဆောင်းတွင်းဆိုတော့ အနွေးထည်အင်္ကျီ၊ စောင်တွေလိုအပ်ကြတယ်” လို့ ပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်နေတဲ့ ဒေသခံပြည်သူ ၁၄၀၀၀( တစ်သောင်းလေးထောင်) ကျော်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်မှာတော့ ၄၀၀၀(လေးထောင်) ကျော် ရှိကြတယ်လို့လည်း ပလက်ဝကောင်စီရဲ့  လူမှုကယ်ဆယ်ရေးတာဝန်ခံ ဆလိုင်းဘွေရှိုင်းက ပြောပါတယ်။

ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၆၀၀၀ ( ခြောက်ထောင်) ကျော်လောက်က ပလက်ဝကောင်စီ အုပ်ချုပ်မှုလည်ပတ်နေတဲ့အောက်မှာရှိပြီး ကျန်တဲ့ ၈၀၀၀ ( ရှစ်ထောင်) ကျော်လောက်က အာရက္ခတပ်တော်(AA)  ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ပြင်းထန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်ကစလို့ ပလက်ဝမြို့နယ်က ဒေသခံပြည်သူတစ်ချို့ဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်ခဲ့ရပြီး ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် တကျော့ပြန်ပြီး တိုက်ပွဲပြင်းထန်ချိန်မှာတော့ လူဦးရေ ၉၀၀၀၀ ( ကိုးသောင်း) ကျော်နေထိုင်တဲ့ ပလက်ဝမြို့နယ်က ဒေသခံပြည်သူအများစုဟာ ဘေးလွတ်ရာကို ထပ်မံပြီး အခုအချိန်ထိ စစ်ဘေးရှောင်နေကြရပါတယ်။

ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA )က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးတိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားပါတယ်။ ပလက်ဝမြို့က ဒေသခံ အများစုဟာ လက်ရှိအချိန်အထိ မြို့ကိုပြန်မလာနိုင်သေးပဲ စစ်ဘေးရှောင်နေကြရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...