စစ်ကောင်စီကို ဝေဖန်မှုကြောင့် သုံးလအတွင်း ပြည်သူ ၁၄၀ ကျော် အဖမ်းခံရ

စစ်ကောင်စီကို ဝေဖန်မှုကြောင့် သုံးလအတွင်း ပြည်သူ ၁၄၀ ကျော် အဖမ်းခံရ

အွန်လိုင်းလူမှုကွန်ရက်တွေပေါ်မှာ စစ်ကောင်စီကို ရေးသားဝေဖန်မှုတွေကြောင့် သုံးလအတွင်း ပြည်သူ ၁၄၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Myanmar Internet Project ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

 ၂၀၂၄ ခုနှစ် ဩဂုတ်ကနေ အောက်တိုဘာလအတွင်း နိုင်ငံတဝန်း ပြည်သူတွေကြုံတွေ့ခဲ့ရတဲ့ ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး Myanmar Internet Project က နိုဝင်ဘာ ၃ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာအရ သုံးလအတွင်း အွန်လိုင်းပေါ်မှာ ပြောဆိုရေးသားမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးအရေးယူမှုအခြေအနေတွေအပါအဝင် မိုဘိုင်းဖုန်းနဲ့ အင်တာနက်ဖြတ်တောက်မှုအခြေအနေတွေလည်း ပါဝင်ပါတယ်။

အွန်လိုင်းပေါ်မှာ စစ်ကောင်စီကို ဝေဖန်တာတွေအပါအဝင် သတင်းဌာနစာမျက်နှာတွေမှာ မှတ်ချက်ပေးတာတွေကြောင့် ဩဂုတ်လမှာ ၅၇ ဦး၊ စက်တင်ဘာမှာ ၅၈ ဦးနဲ့ အောက်တိုဘာမှာ ၂၈ ဦး ဖမ်း ဆီးခံခဲ့ရတာပါ။

လူမှုကွန်ရက်တွေထဲမှာ Facebook အပြင် လူသုံးများလာတဲ့ TikTok တို့မှာ ပြောဆိုရေးသားမှုတွေကို စစ်ကောင်စီက စောင့်ကြည့်ပြီး အရေးယူတာတွေ အဆက်မပြတ်လုပ်လာတာလို့ Myanmar Internet Project က ဆိုပါတယ်။

တစ်ဘက်မှာ စစ်ရေးပြင်းထန်တဲ့နေရာတွေမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး အဲဒီဒေသအတွင်း အရပ်သားတွေ ထိခိုက်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖော်ဆောင်တာတွေလည်း ရှိနေတာပါ။

စစ်ရေးအရအရေးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ မှန်ကန်တဲ့သတင်းအချက်အလက်တွေ လူထုဆီစီးဆင်းမှု အဟန့်အတားဖြစ်စေဖို့ သူတို့ရဲ့ ဒေသတွင်း ကျူးလွန်မှုတွေကို ဖုံးကွယ်နိုင်ဖို့ ဒီဂျစ်တယ်ဖိနှိပ်မှုတွေ လုပ်တာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းစကားတွေကို တတ်နိုင်သလောက် အဟန့်အတားဖြစ်စေဖို့နဲ့ အင်တာနက်ပေါ်ကနေ သူတို့ကို ဆန့်ကျင်လှုံ့ဆော်မှုတွေ မပြုလုပ်စေနိုင်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ အွန်လိုင်းစောင့်ကြည့်မှုတွေ ဆက်တိုက်လုပ်နေတာလို့ Myanmar Internet Project က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- Myanmar Internet Project

ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...
April 22, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ်...
April 21, 2026
မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တွေအနေနဲ့ စက်သုံးဆီတွေကို ဘားကုတ်စနစ်နဲ့ အမြန်ဆုံး...