ဖရူဆို၊ ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ အမှန်တကယ်လိုအပ်သူတွေကို ထောက်ခံစာနဲ့ ဆန်ထုတ်ပေး

ဖရူဆို၊ ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ အမှန်တကယ်လိုအပ်သူတွေကို ထောက်ခံစာနဲ့ ဆန်ထုတ်ပေး

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းက ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ အလှူရှင်အဖွဲ့အစည်းတွေ ဝင်ရောက်မှုနည်းပါးလာတာကြောင့် ယခုနှစ်အတွင်း အရေးပေါ်အတွက်ထားရှိတဲ့ ဆန်ရိက္ခာကို အမှန်တကယ်လိုအပ်ကြောင်း ထောက်ခံစာပါရှိသူတွေကိုသာ ထုတ်ပေးတယ်လို့ စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“စစ်ရှောင်အိမ်ခြေတိုင်းကို ကျနော်တို့ပေးလိုက်တယ်၊ ပေးလိုက်တယ်ဆိုတော့ အိမ်ခြေတိုင်းက စစ်ရှောင်တိုင်းက အခက်ခဲရှိတာကော အကုန်လုံးပေးတယ်။ ရွာသားက လုံးဝမရှိတဲ့သူ ဆိုလို့ရှိရင်တော့ တစ်ကယ်ကို ချေးစားရတဲ့ သူဆိုရင်တော့ ပေးတယ်၊ သူတို့ကိုထောက်ခံစာနဲ့ လုပ်ပေးတယ်၊ စစ်ရှောင်တွေပိုဦးစားပေးတယ်။ စစ်ရှောင်ကအခက်ခဲပိုများတယ်၊ သူတို့ကအိုးအိမ်လည်းမရှိ နေရာထိုင်ခင်းမရှိတာကြောင့် အရင်ထုတ်ပေးတယ် ၊ နောက်မှကျန်တဲ့ဟာကို ရွာခံတွေလိုအပ်တယ်ဆိုရင် လုံးဝမရှိတဲ့သူဆိုရင်ထုတ်ပေးတယ်။” လို့ သူကပြောပါတယ်။

အဆိုပါအရေးပေါ်အတွက် ထားရှိတဲ့ဆန်ရိက္ခာကို ဘာသာရေးအဖွဲ့အစည်းက ပေးလှူထားပြီး ယခုနှစ်အတွက် ၂ ကြိမ်ရရှိထားတာဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေဟာ ကြုံရာကျပန်းအလုပ်တွေကို အနည်းကျဥ်းသာ လုပ်ကိုင်နိုင်ပြီး ပုံမှန်အလုပ်မရှိဘူးလို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လိုအပ်တာကတော့ အဓိကစားဖို့ ဆန်၊ ဆီ၊ ဆား အဓိကပဲ။ ဈေးကြီးခါကျတော့ ပိုက်ဆံလည်းမရှာနိုင်ဘူး၊ ကလေးကလည်းများတော့ သူ့ကိုပညာလည်း သင်ခိုင်းတယ်လေးနော၊ အဲ့ကျောင်းလခလည်း တဖက်လိုတဲ့ခါကျတော့ အဆင်မပြေခါကျတော့ ကြုံရာပဲလိုက် ကျပန်းလုပ်တယ်ပြောရမှာပေါ့။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါ ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ ဖရူဆို၊ ဒီးမော့ဆိုမြို့နယ် ၆မိုင် ၊ လွိုင်ကော်မြို့နယ်ကနေ စစ်ရှောင်သူအများဆုံးနေထိုင်ကြပြီး စစ်ရှောင်အိမ်ခြေ(၈၂)အိမ် ၊လူဦးရေ( ၃၂၂)ဦး ရှိကာ စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းအတွက် မိုးကာ၊ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...