ဘောလခဲမြို့သို့ နေရပ်ပြန်ရန် စစ်တပ်တိုက်တွန်း၊ ဝန်ထမ်းများကို ဦးစားပေးခေါ်ယူနေ

ဘောလခဲမြို့သို့ နေရပ်ပြန်ရန် စစ်တပ်တိုက်တွန်း၊ ဝန်ထမ်းများကို ဦးစားပေးခေါ်ယူနေ

ဒေသတွင်း တိုက်ပွဲများကြောင့် ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှ တိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်များကို ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အရ နေရပ်ပြန်ကြရန် စစ်တပ်က ပြောဆိုထားကြောင်း ဘောလခဲ စစ်ဘေးရှောင်များက ပြောသည်။

လွိုင်ကော်မြို့ပေါ်သို့ တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် တိုက်တွန်းကာ စာရင်း ကောက် ခံမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်တွင် ဌာနဆိုင်ရာဝန်ထမ်းများကိုသာ ဦးစားပေး ပို့ဆောင်နေကြောင်း စစ်ဘေးတိမ်းရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ပြန်လာဖို့ ပြောတာကြားတယ်။ ဒါပေမဲ့ ဟိုဘက်က ဝန်ထမ်းတွေကိုပဲ ဦးစားပေးခေါ်တယ်။ သူတို့ဝန် ထမ်းတွေကနေ အချင်းချင်းအသိပေးကြ၊ စကားတစ်ဆင့်ပွားကြ။ စစ်ရှောင်ပြန်နေချင်တဲ့သူရှိပေမဲ့ အခုထိ ခေါ်တာ မကြားမိသေးဘူး။”

နေရပ်ပြန်လိုသူများမှာ စာရင်းပေးသွင်းရပြီး တာဝန်ရှိသူများထံမှ အကြောင်းကြားစာ ရရှိမှသာ သတ်မှတ်ထား သည့် စုရပ်သို့ သွားရောက်ကာ လိုက်ပါပြန်လည်ရခြင်းဖြစ်သည်။

ဘောလခဲမြို့ပေါ်တွင် ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန် ဝန်ထမ်းအရင်းအမြစ်များ လိုအပ်နေ သဖြင့် ဝန်ထမ်းများကိုသာ ဦးစားပေး ပို့ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်တပ်က ဘောလခဲမြို့အပြင် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင်လည်း ပြန်လည်ထူထောင်ရေးနှင့် နေရာချ ထားရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

နယ်မြေအခြေအနေအရ ဘောလခဲ စစ်ဘေးရှောင်များအနေဖြင့် မြေပြင်လမ်းကြောင်းအတိုင်း သွားလာရန် ခက်ခဲသဖြင့် ရဟတ်ယာဉ်ဖြင့်သာ သွားလာနိုင်မည့် အနေအထားရှိသည်။

ပြီးခဲ့သည့် မတ်လအတွင်း လွိုင်ကော် - ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးတွင် စစ်တပ်ယာဉ်တန်း သွားလာ စဉ် ဝန်ထမ်းများနှင့်အတူ နေရပ်ပြန်သည့် စစ်ဘေးရှောင်အချို့ လိုက်ပါခဲ့ဖူးကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

ယခင်ကတည်းက စစ်တပ်အနေဖြင့် ဒေသခံများကို နေရပ်ပြန်ရန် ပြောဆိုမှုများရှိခဲ့ပြီး၊ နေရပ်မပြန်ပါက နေအိမ်နှင့် ခြံမြေများကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး(၂) ဦးဗညားက “ကျနော်ပြောနိုင်တာက လူထုက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီလောက်ပဲ ပြောလိုပါတယ်” ဟု မှတ်ချက်ပြုထားသည်။

လက်ရှိ ဘောလခဲမြို့တွင် နေထိုင်သူအများစုမှာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်တပ်မိသားစုဝင်များသာ ဖြစ် သည်။ မြို့တွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ ဦးစီးကာ ရက် (၁၀၀) စီမံချက်ဖြင့် ခြုံနွယ်သန့်ရှင်းရေး လုပ်ဆောင် နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...