ဖရူဆိုတွင် နွားကျောင်းသူများကို စစ်တပ်ပစ်ခတ်၊ တစ်ဦး ဒဏ်ရာရပြီး တစ်ဦး ပျောက်ဆုံး

ဖရူဆိုတွင် နွားကျောင်းသူများကို စစ်တပ်ပစ်ခတ်၊ တစ်ဦး ဒဏ်ရာရပြီး တစ်ဦး ပျောက်ဆုံး

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို စစ်တပ် က လိုက်လံပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦး၏ လက်မောင်းကို ကျည်ထိ မှန်ခဲ့သည်။

ကျန်တစ်ဦးဖြစ်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားမှာမူ ညပိုင်းအထိ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံး နေဆဲဖြစ်သည်။

ဖရူဆိုဒေသခံတစ်ဦးက “နွားကျောင်းထွက်တာလေး၊ စစ်အုပ်စုက အဲ့အနီးနားဖက်မှာ ရှိနေတော့ ဖမ်းမိသွားတာ နေမှာ၊ နောက်ကနေ လာတဲ့ တစ်ယောက်တော့ သူ့ကိုပစ်တာ လက်မောင်းထိတယ် တယောက်ပျောက်နေ သေး တယ်။ ညနေထိတော့ ဘားမသိရသေးဘူး” ဟု ပြောသည်။

ပျောက်ဆုံးနေသည့် အမျိုးသားကို ဒေသခံများက လိုက်လံရှာဖွေခဲ့ရာ ၎င်းယူဆောင်သွားသည့် မိုးကာနှင့် ဦးထုပ်ကိုသာ တွေ့ရှိခဲ့ရပြီး ယနေ့နံနက်ပိုင်းအထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပေ။

စစ်တပ်သည် ဒီးမော့ဆို - ဖရူဆို ပြည်ထောင်စု လမ်းမကြီးကို ထိန်းချုပ်ထားပြီး လမ်းပိုင်းများနှင့် ကျေးရွာ အနီးအနားများတွင် ကင်းပုန်းဝပ်ခြင်းနှင့် လုံခြုံရေးယူခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဖရူဆိုမြို့နယ်အတွင်း ကျေးရွာများနှင့် တောင်ယာများရှိရာဘက်သို့ စစ်တပ်က ဒရုန်းဖြင့် ကင်းထောက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း လမ်းပိုင်းတစ်နေရာ၌ ဖြတ်သန်းသွားလာသူများကို စစ်တပ်က ဒရုန်းဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့က ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး ပျက်စီးမှုအခြေအနေ။ / Crd
September 21, 2026
ကရင်နီပြည်တွင် စစ်အုပ်စုတပ်၏ အသေခံဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာလ...
ဓာတ်ပုံ - ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူ မူအန်းဂျလာ။
September 21, 2026
ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားသည့်...
ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...