စစ်ကောင်စီက ကလေးမြို့ပေါ် ရပ်ကွက်များတွင် သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနေ

စစ်ကောင်စီက ကလေးမြို့ပေါ် ရပ်ကွက်များတွင် သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းများ ဆက်လက်ကောက်ခံနေပြီး မြို့ပေါ်ရပ်ကွက်အများစုကို ကောက်ယူပြီးစီးနေပြီဟု သန်းခေါင်စာရင်းကောက်ခံသူများထံမှ သိရသည်။

သန်းခေါင်စာရင်းကောက်ယူသူတစ်ဦးက “ဒီနေ့တော့ တောင်ဇလပ်ရပ်ကွက်ကောက်တယ်၊ ပြီးတဲ့ရက်တွေက YCW ဖက်တွေကောက်တယ်၊ နယ်မြေ တစ်ခုဆိုရင် ဘယ်နှစ်ယောက် ကောက်ရမယ်အဲ့လိုရှိတယ်၊ ဒီတလလုံးကောက်တယ်ဆိုတော့ မြို့ပေါ်က အားလုံးနီးပါးလို့တော့ ပြောလို့ရတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် အောက်တိုဘာ (၁) နေ့ကစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှု စတင်ခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားသော်လည်း အချိန်မီကောက်ယူနိုင်ခြင်းမရှိသောကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်တိုးခဲ့သည်။

ရပ်ကွက်ပေါင်း ၂၀ ရှိသည့် ကလေးမြို့တွင် အစကနဦးပိုင်းမှာ တပ်နှင့်နီးစပ်သောရပ်ကွက်များဖြစ်သည့် အောင်သစ္စာ၊ မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာရပ်ကွက်များကို စတင်ကောက်ယူခဲ့ပြီး နောက်ပိုင်းတွင် ချင်းလူမျိုးအများစုနေထိုင်သော ကလေးမြို့အနောက်ဘက် တာဟန်း၊ တောင်ဖီလာ၊ တောင်ဇလပ်နှင့် အခြားရပ်ကွက်များကိုလည်း ကောက်ယူခဲ့ကြပြီဟု သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် တစ်အိမ်တက်ဆင်းပုံစံဖြင့် ရပ်ကွက်တစ်ခုတွင် ၀န်ထမ်း (၃) ဦးက ဦးဆောင်မေးမြန်းမှုများ ပြုလုပ်ကာ စစ်သားတချို့က လုံခြုံရေးယူပေးထားသည်ဟု တောင်ဇလပ်ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတဦးက ပြောသည်။

“စကောက်တုန်းက စစ်တပ်နဲ့နီးတဲ့ ရပ်ကွက်နေရာတွေကို ကောက်တာ၊ ပြီးရင် မေးခွန်းကတော့ တအိမ်နဲ့တအိမ်မေးတာ မတူဘူးနော်၊ ကျမဆိုရင် ဒီအိမ်မှာ ညအိပ်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲဆိုပြီးတော့ မေးတယ်၊ တယောက်စီရဲ့ နာမည်၊ အသက် မေးတယ်၊ အချက်အလက် သေချာမှတ်ထားတယ်၊ ပြီးရင် ကိုးကွယ်တဲ့ဘာသာမေးတယ်၊ ကျန်တာတော့ မမေးဘူး၊ တောင်ဇလပ်ရပ်ကွက်ဆိုရင် (၈) နာရီလောက်ကတည်းကကောက်တာ တရပ်ကွက်လုံး သူတို့တွေပဲ တွေ့နေရတာ ကျမသိသလောက် မကောက်တဲ့ရပ်ကွက်က နည်းတယ်နော်” ဟု ပြောသည်။

ကလေးမြို့တွင် သန်းခေါင်စာရင်းကောက်ယူမှုအား ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ-ကလေး) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အာင်နိုင်ဦး၊ ကလေးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ ကလေးခရိုင် လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာနက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...