ဖလမ်းမြို့မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ရှိနေပြီး ဖလမ်းမြို့ခံတွေထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ဖလမ်းမြို့မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ရှိနေပြီး ဖလမ်းမြို့ခံတွေထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အကြား အောက်တိုဘာ ၂၅ ရက်နေ့ကနေ  ၂၇ ရက်နေ့အထိ အပြန်အလှန် ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်နေသလို ဖလမ်းမြို့ခံလူဦးရေ တဝက်လောက်လည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဖလမ်းဒေသခံတစ်ဦးက “ ဒီကနေ့ (အောက်တိုဘာ ၂၇)  ပစ်ခတ်မှုဖြစ်တာက စစ်ကောင်စီတပ်ဖွဲ့တွေ သူတို့နေတဲ့ ၂၆၈ တပ်ကုန်းကနေ ထွက်တာကြောင့် ပစ်ခတ်မှုဖြစ်တာဖြစ်တယ်။ မြို့ပေါ်က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတာမျိုးလည်း ရှိတယ်” လို့ပြောပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့က ဖလမ်းမြို့ပေါ်က ခလရ – ၂၆၈ တပ်ရင်းက စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့ထဲက အ.ထ.က (၁) မှာ နေရာယူတပ်စွဲဖို့ စစ်ကြောင်းထွက်လာတဲ့အချိန် လမ်းခုလတ်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) နဲ့ တိုက်ပွဲစဖြစ်ခဲ့တာဖြစ်ပြီး  အောက်တိုဘာလ ၂၇ ရက်နေ့အထိ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတာလို့ သိရပါတယ်။

ဖလမ်းမြို့ပေါ် တိုက်ပွဲတွေပြန်ဖြစ်မယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ထုတ်ပြန်တာမျိုးတော့ မရှိပေမယ့် တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် မြို့ပေါ်ကဒေသခံအများစုဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ တခြားဒေသတွေကို ကြိုတင်ထွက်ပြေးတိမ်းရှောင်ကြတာကြောင့် လက်ရှိမြို့ရဲ့ လူဦးရေ ၃ ပုံမှာ ၁ ပုံလောက်သာ ကျန်တော့မယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖလမ်းမြို့ကပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၂၅ ရက်နေ့က ဒေသခံအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို၊ ၂၆ ရက်နေ့က တောင်ယာလုပ်နေတဲ့ ဒေသခံအမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ် တာတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေ ရှိခဲ့တာကြောင့် တန်ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်တော့မယ်လို့လည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန်အသိပေးထားပါတယ်။

Most read this week

January 29, 2026
ဇန်နဝါရီလ ၂၅ ရက်နေ့က တီးတိန်မြို့နယ် New Suangpi ရွာမှာ စစ်ရှောင်ရာကနေ နေအိမ်ကို စောင့်ကြည့်ဖို့...
January 28, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အင်အားဖြည့်ဖို့...
January 24, 2026
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship...
January 23, 2026
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်...