ဖလမ်းမြို့မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ရှိနေပြီး ဖလမ်းမြို့ခံတွေထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ဖလမ်းမြို့မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်ရှိနေပြီး ဖလမ်းမြို့ခံတွေထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အကြား အောက်တိုဘာ ၂၅ ရက်နေ့ကနေ  ၂၇ ရက်နေ့အထိ အပြန်အလှန် ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်နေသလို ဖလမ်းမြို့ခံလူဦးရေ တဝက်လောက်လည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဖလမ်းဒေသခံတစ်ဦးက “ ဒီကနေ့ (အောက်တိုဘာ ၂၇)  ပစ်ခတ်မှုဖြစ်တာက စစ်ကောင်စီတပ်ဖွဲ့တွေ သူတို့နေတဲ့ ၂၆၈ တပ်ကုန်းကနေ ထွက်တာကြောင့် ပစ်ခတ်မှုဖြစ်တာဖြစ်တယ်။ မြို့ပေါ်က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတာမျိုးလည်း ရှိတယ်” လို့ပြောပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့က ဖလမ်းမြို့ပေါ်က ခလရ – ၂၆၈ တပ်ရင်းက စစ်ကောင်စီတပ်တွေဟာ ဖလမ်းမြို့ထဲက အ.ထ.က (၁) မှာ နေရာယူတပ်စွဲဖို့ စစ်ကြောင်းထွက်လာတဲ့အချိန် လမ်းခုလတ်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) နဲ့ တိုက်ပွဲစဖြစ်ခဲ့တာဖြစ်ပြီး  အောက်တိုဘာလ ၂၇ ရက်နေ့အထိ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတာလို့ သိရပါတယ်။

ဖလမ်းမြို့ပေါ် တိုက်ပွဲတွေပြန်ဖြစ်မယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ထုတ်ပြန်တာမျိုးတော့ မရှိပေမယ့် တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် မြို့ပေါ်ကဒေသခံအများစုဟာ နီးစပ်ရာ ကျေးရွာတွေနဲ့ တခြားဒေသတွေကို ကြိုတင်ထွက်ပြေးတိမ်းရှောင်ကြတာကြောင့် လက်ရှိမြို့ရဲ့ လူဦးရေ ၃ ပုံမှာ ၁ ပုံလောက်သာ ကျန်တော့မယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖလမ်းမြို့ကပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အောက်တိုဘာလ ၂၅ ရက်နေ့က ဒေသခံအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို၊ ၂၆ ရက်နေ့က တောင်ယာလုပ်နေတဲ့ ဒေသခံအမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ် တာတွေကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေ ရှိခဲ့တာကြောင့် တန်ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်တော့မယ်လို့လည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန်အသိပေးထားပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...