တီးတိန်မြို့နယ်အတွင်း ဘိန်းခင်း ဧက၂၀ ကျော်ကို PPF ZOLAND နှင့် PDF ZOLAND ပူးပေါင်းဖျက်ဆီး

တီးတိန်မြို့နယ်အတွင်း ဘိန်းခင်း ဧက၂၀ ကျော်ကို PPF ZOLAND နှင့် PDF ZOLAND ပူးပေါင်းဖျက်ဆီး

ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) နဲ့ ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲမှာ ဘိန်းစိုက်ခင်းဧက(၂၀) ကျော်ကို အောက်တိုဘာလ ၂၂-၂၃ ရက်မှာ ဖျက်ဆီးနိုင်ခဲ့တယ်လို့  PDF Zoland ခေါင်းဆောင်တစ်ဦးမှ Chin World Media ကိုပြောပြပါတယ်။

ဘိန်းစိုက်တဲ့ပိုင်ရှင်တွေဆီကို သတိပေးစာတွေ ပေးပို့ထားပေမယ့်  လိုက်နာမှုမရှိတဲ့အ ပြင် ဆက်လက်လုပ်ဆောင်နေသောကြောင့် PDF Zoland နှင့် PPF Zoland ပူးပေါင်းရှင်းလင်းရခြင်းဖြစ်ပါတယ်လို့ဆိုပါတယ်။

“ခေတ်ကာလမကောင်းတဲ့ကြားမှာ မကောင်းတဲ့စီးပွားရေးဖြစ်တဲ့ ဘိန်းစိုက်တာဟာ ပြည်သူနှင့်လူမျိုးတွေကိုဖျက်စီးနိုင်တယ်၊ ပညာတတ်လူငယ်တွေအများကြီးလည်း ပျက်စီးနိုင်တဲ့အပြင် အချိန်ကြာရင် လူမျိုးပါတုံးသွားနိုင်တဲ့အထိ ဆိုးကျိုးတွေဖြစ်လာနိုင်တာကြောင့် အခြေအနေ မဆိုးခင် အချိန်မှီ တားဆီးနိုင်ရန် အခုလိုဖျက်ဆီးရခြင်းဖြစ်ပါတယ်”လို့  PDF Zoland ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

ယခုနှစ်၂၀၂၄ အတွင်း တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့တို့မှာ ဘိန်းစိုက်ပျိုးမှု အရင်နှစ်များထက်ပိုမိုများပြားလာကြောင်း ဒေသခံတောင်သူတစ်ဦးရဲ့ပြောကြားချက်အရသိရှိရပါတယ်။

“ အရင်တုန်းကဆိုရင်အစိုးရ လက်လှမ်းမမှီတဲ့ဝေးလံခေါင်သီတဲ့ အရပ်တွေမှာသာ‌ ဒေသခံ‌ တွေကသာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့ကြတာပါ။ အခုဆိုရင်မြို့ပေါ်က ငွေကြေးတတ်နိုင်သူတွေပါ အလုပ်သမားကိုယ်စီနဲ့  မြေယာငှားရမ်းပြီး လာစိုက်ကြပါတယ်။ အနည်း‌ဆုံး နှစ်ဧကလောက် စိုက်ကြပါတယ်။ နှစ်ဧကမှာဆိုရင် ကံကောင်းတဲ့သူကဘိန်းစိမ်း နှစ်ပိသာကျော်ကျော် ရနိုင်တယ်။ ပုံသေပြောလို့တော့မရဘူး။ ကံဆိုးရင်တော့ ခိုင်နီးဗူးသုံးလေးဗူးစာပဲရတဲ့ သူတွေလည်းရှိတယ်။ ဒေသခံတောင်သူတစ်ဦးက Chin World Media ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာတော့ ဘိန်းစိမ်း တစ်ပိဿာကို ကျပ်သိန်း ၈၀ နဲ့ ၁၀၀ ရခဲ့ကြပြီး ယခုနှစ်ခဲ့တဲ့ ရာသီမှာတော့ ဘိန်းစိမ်းတစ်ပိသာကို ကျပ် သိန်းတစ်ရာက‌န တစ်ရာ့ခြောက်ဆယ်ကြား ရလိမ့်မယ်လို့ ဘိန်းစိုက်တောင်သူတွေက ဆိုပါတယ်။

လက်ရှိအောက်တိုဘာလဟာ ဘိန်းပျိုးပင်တွေကို စတင်စိုက်နေတဲ့ကာလဖြစ်ပြီး ဒေသခံကျေးရွာက လူငယ်တွေ အပြင် ကလေးမြို့နယ် နှင့်  ခမ်းပတ်မြို့တွေက လူငယ်တွေလည်း အလုပ်သမားအဖြစ် လာရောက်စိုက်ပျိုးနေကြတယ်လို့ တောင်သူတွေကဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက ချင်းပြည်နယ်ဟာ ၂၀၂၃ ခုနှစ် စစ်တမ်းတွေအရ စိုက်ပျိုးဧက ဟက်ကာ ၅၀၀ ( ၂၃၃၅ ဧက) ရှိပြီး တတိယမြောက် ဘိန်းစိုက်ပျိုးမှုအများဆုံး ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။

April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...
April 20, 2026
ဖလမ်း - ဟားခါး လမ်းမဘေးမှာတည်ရှိတဲ့ ဖလမ်းမြို့နယ် Tlangzar ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၁၈...