ဇိုဖေရမ်ဒေသတွင် ချင်းပြည်ကောင်စီ အခွန်အကောင်ဥပဒေကို စတင်ဖော်ဆောင်တော့မည်

ဇိုဖေရမ်ဒေသတွင် ချင်းပြည်ကောင်စီ အခွန်အကောင်ဥပဒေကို စတင်ဖော်ဆောင်တော့မည်

ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းထားသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ဇိုဖေရမ်ကောင်စီထံမှ သိရသည်။

အောက်တိုဘာလ ၁၁ ရက်မှ ၁၂ ရက်အထိ ဇိုဖေရမ်ကောင်စီဌာနချုပ်တွင် ဒုတိယညီလာခံသက်တမ်း၊ ဒုတိယအကြိမ် ဇိုဖေရမ်ကောင်စီ အစည်းအဝေးကို ကျင်းပပြီး ဆုံးဖြတ်အတည်ပြုချက်များ ချမှတ်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

ချင်းပြည်လွှတ်တော်မှ ပြဌာန်းသည့် အခွန်အကောက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ယင်းအစည်းအဝေးတွင် ရှင်းလင်းခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ပြီး စတင်အကောင်အထည်ဖော်ရန် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ဇိုဖေရမ်ဒေသအတွင်း အခွန်အကောက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းစီမံချက်များ ထပ်မံရေးဆွဲပြီး စတင်ဖော်ဆောင်နိုင်ရန် တာဝန်ပေးအပ်

ခြင်းများလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ဇိုဖေရမ်အက်ဥပဒေကိုလည်း ဇိုဖေရမ်ဒေသတွင် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်ရန် ယင်းအစည်းအဝေးတွင် အတည်ပြုနိုင်ထားပြီ ဖြစ်ကြောင်း ဇိုဖေရမ်ကောင်စီထံမှ သိရသည်။

ချင်းပြည်နယ်အတွင်းက လက်ရှိ စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများကိုလည်း သုံးသပ်ချက်များပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ မဏ္ဍိုင်ကြီး ၃ရပ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဇိုဖေရမ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ချင်းပြည်လူထုအပါအဝင် Zopheiram Council Supporting Committee of Global တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ဇိုဖေရမ်ကောင်စီ နှင့် CDF- Zophei တို့သည် ဇိုဖေရမ်ဒေသ ချင်းပြည်နယ် ထန်တလန်မြို့နယ် ဇိုဖေရမ်မျိုးနွယ်များနေထိုင်ရာဒေသများ ထိန်းချုပ်စိုးမိုးထားပြီး ယင်းဒေသတွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိကြောင်း သိရသည်။

Most read this week

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...