ဇိုဖေရမ်ဒေသတွင် ချင်းပြည်ကောင်စီ အခွန်အကောင်ဥပဒေကို စတင်ဖော်ဆောင်တော့မည်

ဇိုဖေရမ်ဒေသတွင် ချင်းပြည်ကောင်စီ အခွန်အကောင်ဥပဒေကို စတင်ဖော်ဆောင်တော့မည်

ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းထားသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း ဇိုဖေရမ်ကောင်စီထံမှ သိရသည်။

အောက်တိုဘာလ ၁၁ ရက်မှ ၁၂ ရက်အထိ ဇိုဖေရမ်ကောင်စီဌာနချုပ်တွင် ဒုတိယညီလာခံသက်တမ်း၊ ဒုတိယအကြိမ် ဇိုဖေရမ်ကောင်စီ အစည်းအဝေးကို ကျင်းပပြီး ဆုံးဖြတ်အတည်ပြုချက်များ ချမှတ်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

ချင်းပြည်လွှတ်တော်မှ ပြဌာန်းသည့် အခွန်အကောက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ယင်းအစည်းအဝေးတွင် ရှင်းလင်းခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ပြီး စတင်အကောင်အထည်ဖော်ရန် ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ဇိုဖေရမ်ဒေသအတွင်း အခွန်အကောက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းစီမံချက်များ ထပ်မံရေးဆွဲပြီး စတင်ဖော်ဆောင်နိုင်ရန် တာဝန်ပေးအပ်

ခြင်းများလည်း ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

ဇိုဖေရမ်အက်ဥပဒေကိုလည်း ဇိုဖေရမ်ဒေသတွင် ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်ရန် ယင်းအစည်းအဝေးတွင် အတည်ပြုနိုင်ထားပြီ ဖြစ်ကြောင်း ဇိုဖေရမ်ကောင်စီထံမှ သိရသည်။

ချင်းပြည်နယ်အတွင်းက လက်ရှိ စစ်ရေးနှင့် နိုင်ငံရေး အခြေအနေများကိုလည်း သုံးသပ်ချက်များပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်နိုင်ခဲ့သည်ဟု သိရသည်။

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ မဏ္ဍိုင်ကြီး ၃ရပ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်ပြီး စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဇိုဖေရမ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ချင်းပြည်လူထုအပါအဝင် Zopheiram Council Supporting Committee of Global တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ဇိုဖေရမ်ကောင်စီ နှင့် CDF- Zophei တို့သည် ဇိုဖေရမ်ဒေသ ချင်းပြည်နယ် ထန်တလန်မြို့နယ် ဇိုဖေရမ်မျိုးနွယ်များနေထိုင်ရာဒေသများ ထိန်းချုပ်စိုးမိုးထားပြီး ယင်းဒေသတွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိကြောင်း သိရသည်။

Most read this week

January 29, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ထိုးစစ်ဆင်နေသော စစ်ကြောင်းများအတွက်...
January 28, 2026
အာဏာသိမ်းစစ်ကော်မရှင်က အပိုင်း ၃ ပိုင်းဖြင့် ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင်...
January 27, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်များသည်...
January 26, 2026
၂၀၂၆ အတွက် အာဆီယံအလှည့်ကျ ဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံ၏ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန် ဖိလစ်ပိုင်...