ဟုမ္မလင်းမြို့က တိုင်းရင်းသားဘာသာသင် ဆရာ/မများ၏ လစာမလုံလောက်မှုကြောင့် အလုပ်ထွက်သူများလာ

ဟုမ္မလင်းမြို့က တိုင်းရင်းသားဘာသာသင် ဆရာ/မများ၏ လစာမလုံလောက်မှုကြောင့် အလုပ်ထွက်သူများလာ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းက အစိုးရစာသင်ကျောင်းတွေမှာ တိုင်းရင်းသာဘာသာ သင်ကြားနေတဲ့ ဆရာ/မ ( Language Teacher LT)  နဲ့ Teacher Assistant TA ဆရာ/မ တွေဟာ လစာငွေလုံလောက်မှု မရှိတာကြောင့် အလုပ်ထွက်သူဦးရေ များပြားတယ်လို့ သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် TA/LT ဆရာ/မ တစ်ဦးရဲ့ တစ်လစာဟာ ဆန် ၆ ပြည်သာ ဝယ်ယူနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

“ TA ဆိုလို့ရှိရင် ၁၅၀,၀၀၀  ဆိုလို့ရှိရင်တွက်ကြည့်ကွာ ဆန်တစ်အိပ်မရပဲနဲ့ ဒီဟာတွေဟာဘယ်လိုလုပ်မလဲ သူတို့(အစိုးရ) တိုးလည်းမတိုးပေးဘူး။ အစိုးရ ဆရာ/မခန့်တဲ့ဟာ ၃၀၀၀၀ တိုးပေးတာ။ တိုင်းရင်းသားဆရာ/မ တွေကို  မပါဘူလေ။ ဘယ်လိုရပ်တည်မှာလည်းအေး တိုင်းရင်းသားဝန်ကြီးဌာနကလည်းမကြည့်ပေးဘူးလေ ဘယ်လိုရပ်တည်ကြမှာလည်းအေးလို့”  ဟုမ္မလင်းမြို့နယ် သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း ၂၀၂၀ အထိ တိုင်းရင်းသားဘာသာသင် ဆရာ/မ ၁၅၀ ဝန်းကျင်ရှိရာကနေ  လက်ရှိ ၂၀၂၃ ခုနှစ်မှာ  ၃၁  ဦးသင်ကြားနေတာဖြစ်ပါတယ်။

ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းနဲ့  နိုင်ငံရေးအခြေအနေတွေကြောင့် ထို ဆရာ/မတွေရဲ့ လစာတွေမလုံလောက်ဘဲ   အလုပ်ထွက်ပြီး ပြင်ပအလုပ်ငန်းများ လုပ်ကိုင်နေကြရတာပဲဖြစ်ပါတယ်။

“ အစတုန်းက ၁၅၀ ကျော်ရှိတာအခုက ၃၁ ယောက်ပဲကျန်တော့တာ T/A ရော L/T ရော ၊ L/T က ၅ယောက်ပဲရှိမယ်ထင်တယ်။ အေး CDM လုပ်ကြတာလေး နောက်ပြီးတော့ လစာမလောက်လို့ထွက်တာများတယ်ပေ့ါ” လို့ သူက အခုလိုဆက်ပြောပါတယ်။

TA/LA ဆရာ/မတွေဟာ စာသင်ကြားမှုတွေကနေ ထွက်ပြီး အရောင်းအဝယ်၊ ရွှေလုပ်ငန်း ၊ လယ်ယာစိုက်ပျိုးရေး နဲ့ နိုင်ငံရပ်ခြားဆီကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်ကြတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားရာ ကျေးရွာတွေက TA နဲ့ LT ဆရာ/မ တွေဟာ မြို့ပေါ်ကျောင်းတွေမှာလည်း စာပြန်သင်ကြားခွင့်လည်းမရရှိသေးကြောင်းတာကြောင့် အလုပ်နားနေကြရတာဖြစ်တယ်လို့လည်းဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ ကျောင်းစုစုပေါင်း ၃၁၇ ကျောင်းဖွင့်လှစ်ခဲ့ပြီး ဆရာ/မ ၈၄၂ ဦးအထိ ရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။

May 16, 2026
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်တွင်  ယာယီစစ်ဘေးတိမ်းရှောင်နေသော...
May 15, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီဆရာဖြစ်သင်တန်းတွေနဲ့...
May 13, 2026
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့မှာ ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA)...
May 12, 2026
၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို...