စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ ငွေကြေးကောက်ခံမှု အဆမတန်မြင့်တက်

စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ ငွေကြေးကောက်ခံမှု အဆမတန်မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် ဆက်သွယ်ထားသည့် မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းတစ်လျှောက်မှာ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက ဖွင့်လှစ်ထားတဲ့ ဂိတ်တွေကနေ ငွေကြေးကောက်ခံမှုတွေဟာ အဆမတန်မြင့်တက်လာနေတယ်လို့ ယာဉ်မောင်းတွေ နဲ့ ခရီးသွားတွေဆီကနေ စုံစမ်းသိရှိရသည်။

ဗျူဟာလမ်းပိုင်းရဲ့ အစဖြစ်တဲ့ စစ်ကိုင်းတံတားရှိ စစ်ကောင်စီ၏ ဂိတ်တွင် ကားအသေးများသည် တစ်စီးလျှင် ကျပ်ခြောက်သောင်းအထိ ပေးဆောင်နေကြရခြင်းဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ ဒီစစ်ကိုင်းတံတားတင် ငါးသောင်း ခြောက်သောင်းလောက် အသာလေးကုန်တာ ကားလေး(ကားအသေး) အံစာတုံးကားနော် ။  ကားကြီးကတော့မပြောနဲ့တော့ ကိုးပင်ရွှေဘိုဂိတ် ကျန်တာတွေ သိပ်မရှိတော့ဘူး ကျန်တာတွေက နှစ်ထောင် လောက်လေးတွေ ဂိတ်ကြီးပေးရတာ စစ်ကိုင်းတံတားရယ် ကိုးပင်ရယ်ပဲပေးရတာ အသွားအပြန် သုံးသိန်းလောက်ကုန်တယ်” လို့ မန္တလေး-မြစ်ကြီးနား ယာဉ်မောင်းတစ်ဦးကဆိုသည်။

မန္တလေးမှ ကချင်ပြည်နယ်အထိ ဗျူဟာလမ်းပိုင်းတစ်ခုတည်းကိုသာ လက်ရှိမှာ အသုံးပြုနိုင်တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ဂိတ်တွေမှာ ငွေကြေး အများဆုံးပေးဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

ဗျူဟာလမ်းပိုင်းပေါ်က မြို့အသီးသီးတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများ၏ဂိတ်များတွင်လည်း ကားအသေးများသည်  ကျပ်ငါးထောင်မှ လေးသောင်းကျပ်အထိ ပေးဆောင်နေကြရကြောင်း ယာဉ်မောင်းများက ဆိုသည်။

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းသည်လည်း စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် လမ်းပိုင်းတချို့ပိတ်ထားရပြီး ကွင်းလမ်းမှ တော်လှန်ရေးအင်အားစုများကို ငွေကြေးပေးဆောင်ကာ မောင်းနေကြရသည် သိရသည်။

ထိုသို့ လမ်းပိုင်းတွင်   မကြာခဏပိတ်မှုနှင့် ငွေကြေးတောင်းခံမှုတွေကြောင့် ကားခသုံးဆကျော်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခင်က မန္တလေး-မြစ်ကြီးနား ပုံမှန် ၁၀ နာရီခရီးစဉ်သည် လက်ရှိတွင်  ၂ ညအိပ် ၃ ရက် ( ၇၂ နာရီကြာ မောင်းနင်နေရကာ  ယာဉ်စီးခနဲ့ ကုန်ပစ္စည်းတန်ဆာခ စျေးနှုန်းသုံးဆအထိမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

“ အခုလက်ရှိတော့ ၂ ညအိပ် ၃ ရက်ကြာတယ်။ ကားခတွေက တစ်ယောက် တစ်သိန်းခွဲ ပိဿာချိန် ၁၀ ဆို အချိန်နဲ့ဆိုရင် တစ်ပိဿာ ၄၅၀၀ ယူတယ်။ တန်ဆာအကုန်လုံး အချိန်နဲ့တောင်းတာပဲ” နောက်ထပ်  မန္တလေး-မြစ်ကြီးနား ယာဉ်မောင်းတစ်ဦးက ဆိုသည်။

မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းသည် မိုင်  ၃၅၉  မိုင်ကွာဝေးပြီး  စစ်ကောင်စီတပ်ဖွဲ့ ၏ ဂိတ် နှင့် တော်လှန်ရေးအင်အားစုများ၏ ဂိတ်များသည် ၅၀ ထက်မနည်းရှိကာ လမ်းပိုင်းတွင် ငွေကြေးကောက်ခံမှုများသည်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ နှင့် တစ်ဖွဲ့ တူညီမှုမရှိကြောင်းသိရသည်။

June 11, 2026
စစ်တပ်မှ အသွင်ပြောင်း အစိုးရအသစ်ဖွဲ့စည်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားမှုကို...
June 10, 2026
ရွှေကူမြို့နဲ့ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို KIA က ရက်အကန့်အသတ်မရှိ ပိတ်ပင်ပြီး ဒေသခံများ...
June 9, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ တိုင်းလျမ်...
စစ်ဘေးရှောင်များကို ဒေသခံအဖွဲ့များမှ သွားရောက်ကူညီနေကြစဉ်/ ပေးပို့
June 8, 2026
အိန္ဒိယနိုင်ငံနယ်စပ်အနီးက အလှော်ကျေးရွာအနီးမှာ  သနန်ကျေးရွာက ဒေသခံတွေဟာ...