ကလေးမြို့မှ ချင်းပြည်နယ်သို့ ဆန်နှင့် ရိက္ခာများ တင်သွင်းခွင့် စစ်ကောင်စီ ဆက်လက်ပိတ်ထား

ကလေးမြို့မှ ချင်းပြည်နယ်သို့ ဆန်နှင့် ရိက္ခာများ တင်သွင်းခွင့် စစ်ကောင်စီ ဆက်လက်ပိတ်ထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့် ရိက္ခာများ သယ်ယူခွင့်ကို စစ်ကောင်စီတပ်က ဆက်လက်ပိတ်ပင်ထားသည်ဟုသိရသည်။

ကလေးမြို့အထွက် ကလေးတက္ကသိုလ်မုဒ်ဦးအနီးရှိ စစ်ကောင်စီ၏ (၈)  မိုင်စစ်ဆေးရေးဂိတ်ကနေ ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့ကစ၍ ယနေ့ချိန်ထိ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး-ဖလမ်း-တီးတိန်-ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေသော မော်တော်ယာဉ်များကို ဆန်နှင့် အခြားသောရိက္ခာများ သယ်ယူခွင့်ပိတ်ပင်ထားခြင်းဖြစ်သည်။

ထို့အပြင် ကလေးမြို့နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ် ခိုင်ကမ်းမြို့သို့လည်း ဆန်ကို အိတ်လိုက်ဖြင့်သယ်ယူခွင့်ပိတ်ထားသည်ဟု ခိုင်ကမ်းမြို့ က အိမ်ရှင်မတစ်ဦးကပြောသည်။

“ပြီးခဲ့တဲ့အပတ်က ကျမဆိုရင် ကလေးမြို့ထဲကနေ ဆန် တစ်အိတ် ဝယ်ပြီး သယ်တာ ၈ မိုင် ဂိတ်ရောက်တော့ စစ်သား တွေက ဆန်အိတ်အပြည့်မသယ်ခိုင်းဘူး၊ အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲ မေးတယ်၊ လူဦးရေအပေါ်မူတည်ပြီးတော့ သယ်ရတယ်။ အဲ့လိုလုပ်တော့ လိုသလောက် သိုလှောင်ဖို့အထိတောင်အခက်တွေ့လာတယ်” ဟု ခိုင်ကမ်းမြို့ခံက ပြောသည်။

လက်ရှိတွင်လည်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ နေ့စဉ် ခရီးသည်တင် နှင့် ကုန်တင်ကားများ ပုံမှန်ရှိသော် လည်း ဆန်၊ အီလက်ထရောနစ်ပစ္စည်းနှင့် ယောကျာ်းစီးဖိနစ်များ သယ်ယူခွင့်မပြုကြောင်း ကလေး-ရိခေါ်ဒါရ် ယာဉ်လိုင်းပြေး ဆွဲနေသူတစ်ဦးကပြော ည်။

”ကားတွေက ပုံမှန်သွားလာလို့ရတယ် တစ်ညအိပ်ပါပဲ။ အခုထိ တရားဝင်တော့ ဆန်တွေသယ်လို့ မရသေးဘူး၊ ပြီးရင် ယောကျ်ားဖိနပ်တွေ၊ အီလက်ထရောနစ် ပစ္စည်းတွေ၊ ဆန် တွေ သယ်လို့မရ သေးဘူး။” ဟု၎င်းက ပြောသည်။

ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့အထိ ယာဉ်စီးခမှာ လူတစ်ဦးလျှင် (၂) သိန်းကျပ်ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ ကလေးမြို့မှ ဆန်များသယ်ယူခွင့် ပိတ်ပင်ထားသည့်အတွက် တီးတိန်မြို့ပေါ်တွင် ကုန်ဈေးနှုန်းများလည်းမြင့် တက်လာနေသည်ဟု တီးတိန်မြို့ဒေသခံကပြောသည်။

တီးတိန်မြို့ခံက “ဆန် ဧရာမင်းက တအိတ်ကို ၁ သိန်းခွဲ၊ အိန္ဒိယ ဆန် အရင်က ခြောက်သောင်းတန်က အခုကိုးသောင်း ကျော်ပြီကုန်ဈေးနှုန်းတအားတက်တာပေါ့၊ ဓာတ်ဆီဆိုရင် တဂါလံ ခြောက်သောင်း၊ အိန္ဒိယဆိုရင် ငါးသောင်းရှိပြီ အခုဆိုရင် အိန္ဒိယဖက်လည်းကုန်မဝင်တော့ဘူး၊ ကလေးဖက်ကလည်း ဆန်သယ်လို့မရဘူး၊ အခုက ပစ္စည်းတွေက နည်းနည်းစီပဲဝင်တယ်။ တီးတိန်ဖက်ဆိုရင် အဓိက ကလေးကနေပဲ ကုန်ပစ္စည်းတွေဝင်တာဆိုတော့ ဈေးနှုန်းတွေက ပိုတက်လာတယ် ” ဟု တီးတိန်မြို့ခံက ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းဒေသသည် ကလေးမြို့မှ ဆန်နှင့် အခြေခံစားသုံးကုန်များကို အဓိကမှီခိုအား ထားရခြင်းဖြစ် သော်လည်း  ယခုကဲ့သို့ကန့်သတ်မှုရှိလာသည့်နောက်ပိုင်း ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တလာသောကြောင့် အခြေခံ လူတန်းစားများအတွက် စားဝတ်နေရေး ပိုမိုကြပ်တည်း လာကြောင်းသိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...