မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် ရေမြှင့်တက်နေဆဲဖြစ်ပြီး စပါးခင်းတွေကို မရင့်သေးဘဲ ရေထဲမှာ ရိတ်သိမ်းနေရ

မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် ရေမြှင့်တက်နေဆဲဖြစ်ပြီး စပါးခင်းတွေကို မရင့်သေးဘဲ ရေထဲမှာ ရိတ်သိမ်းနေရ

ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲရေကာတာကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ရေတံခါးဖောက်ချပြီးနောက် လက်ရှိမှာ စပါးခင်းဧက ထောင်ချီ ရေနစ်မြှုပ်ခဲ့ပြီး မရင့်မှည့်သေးတဲ့ စပါးခင်းတချို့ကို ရေထဲမှာ ရိတ်သိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လယ်မြှုပ်တဲ့ဟာ တော်တော်များများက စပါးငယ်တဲ့ဟာများတယ် မသီးသေးတဲ့ စပါးတွေက ပိုများတယ်။ ဆိုတော့ အခင်းတွေကျ တချို့ကျတော့လည်း ရပြီး တချို့ကျတော့လည်း ကောင်းကောင်းရိတ်လို့မရဘူး တချို့က ရိတ်လို့ရတယ် စိမ်းသေးတယ်ပေါ့။ ရေက တရက်တရက်ကို နှစ်ပေ ၊ သုံးပေလောက်တက်နေတဲ့တဲ့အခြေအနေလည်းဖြစ်တော့ မရိတ်လို့လည်း မဖြစ်တော့ဘူးဆိုပြီး ရိတ်လိုက်တာလည်းရှိတယ်ပေါ့။ မရိတ်လို့လည်းမဖြစ်ဘူးပေါ့ မရိတ်လည်း ရေထဲမှာအကုန်လုံးမြှုပ်တော့ ဘားမရတော့ဘူးပေါ့။ အခုကတော့ မမှည့်သေးဘူး မရသေးဘူး ဒါပေမယ့် တရက်စာ ရလည်းတရက်စာ တစ်နပ်စာရလည်း တစ်နပ်စာပေါ့ ဆိုတဲ့ဟာမျိုး ရိတ်ပြီးရင် ပြန်လှန်းမယ်လို့ပြောတယ်။ ရေထဲမှာရိတ်တယ်။ တအားစိမ်းတဲ့ဟာလည်း အကုန်လုံးရိတ်ရတယ်ပေါ့။” လို့ ဒီးမော့ဆိုမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာ ၊ ဘုရားဖြူ ကျေးရွာတွေမှာ ရေကြီးနေပြီး ဘီလူးချောင်းတစ်လျှောက်က စပါးခင်းတွေ ရေနစ်မြှုပ်နေတာ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကိုသာ အဓိက အားထားလုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားတွေအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုဖြစ်စေပြီး စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ရေမြှင့်တက်နေဆဲဖြစ်သလို ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေလည်း ရွေ့ပြောင်းနေထိုင်ကြရပါတယ်။

“ရေကတော့ တစ်ရက်ကို တစ်ပေ နှစ်ပေ တက်နေတုန်းပဲပေါ့နော။ တက်နေတယ်ဆိုတော့လည်း ဆက်ဖောက်ချတယ်ဆိုတဲ့သတင်းလည်း ကြားနေတယ်ပေါ့ အတိအကျတော့မပြောတတ်ဘူးပေါ့နော။”လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ၊ အောက်တိုဘာလအတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှု နဲ့ မိုးဗြဲရေကာတာကနေ ရေဖောက်ချမှုကြောင့် ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာ၊ ဖောင်းတောကျေးရွာ နဲ့ အနီးအနားမှာ ရေနစ်မြှုပ်ခဲ့ပြီး စပါးခင်း ဧက အများအပြားနဲ့ ကြက်မွေးမြူရေး၊ ငါးမွေးမြူရေး လုပ်ငန်းလည်း ပျက်စီးခဲ့ရပါတယ်။

February 6, 2026
ကရင်နီပြည် ၊ မယ်စဲ့မြို့နယ်အတွင်းမှာ သဘာဝ သားငါးတိရစ္ဆာန်တွေ မျိုးတုံးစေနိုင်တဲ့...
February 5, 2026
ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်...
ပုံဟောင်းအသုံးပြုထားသည်။
February 4, 2026
စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်မှာ...
ဓါတ်ပုံ - KNDF BO-15
February 3, 2026
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၅) ဖွဲ့စည်းပြီး ၄ နှစ်ကျော်အတွင်း ကျဆုံးရဲဘော်...