ကချင်ပြည်နယ် ပညာရပ်စုံ KSCU တက္ကသိုလ်ကနေ ကျောင်းပေါင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်

ကချင်ပြည်နယ် ပညာရပ်စုံ KSCU တက္ကသိုလ်ကနေ ကျောင်းပေါင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ  NGU ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံ  KSCU တက္ကသိုလ်ကနေ  ကျောင်း ၆ ကျောင်းထိတိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်လို့ KSCU ကျောင်းရဲ့ ဒုအဓိပတိဖြစ်သူ ဒေါက်တာဦးအောင်နိုင်သူက KNG ကိုပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU)ကို ၂၀၂၂ ပညာသင်နှစ် ဝိဇ္ဇာ သိပ္ပံ၊ ၂၀၂၃ ပညာသင်နှစ်မှာ School of Medical Sciences နှင့် School of Nursing Sciences၊ ၂၀၂၄ ပညာသင်နှစ်  School of Technology နှင့် School of Economic အပြင် ၂၀၂၅ ပညာသင်နှစ်မှာတော့ School of Agriculture ကို ထပ်တိုးဖွင့်လှစ်မှာ ဖြစ်ပြီး စုစုပေါင်းကျောင်း ၆ ကျောင်းထိ တိုးချဲ့ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။

တော်လှန်ရေးကာလမှာ နေရာပေါင်းစုံကနေပါဝင်နေတဲ့လူငယ်များ၊ ပညာရေးတစ်ပိုင်းတစ်စနဲ့ ကာကွယ်ရေးတပ် PDF ထဲဝင်သွားတဲ့ လူငယ်တွေအတွက်ရည်ရွယ်ပြီး ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ရတာဖြစ်တယ်လို့ ဒေါက်တာဦးအောင်နိုင်သူက ခုလိုပြောပါတယ်။

“ဆရာတို့တွေက တိုင်းပြည်ပြန်လည်ထူထောင်တဲ့အချိန် လူသားအရင်းအမြစ်တွေလိုပါတယ် ပညာရှင်တွေလိုမယ် လိုတဲ့အတွက်ကြောင့်မို့လို့ ဆေးပညာရှင်တွေ တည်ဆောက်ရေးလုပ်ငန်းတွေမှာလိုအပ်မယ့်ပညာတွေ စိုက်ပျိုးရေးကို လုပ်ရတာကတော့ အလွန်ကာလမှာစားနပ်ရိက္ခာတွေ ဖူလုံအောင်ပြုလုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ ပညာရှင်တွေကို မွေးထုတ်နေတာပေါ့”လို့ဆိုပါတယ်။

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University(KSCU) ကို KIOနဲ့ NUG အစိုးရတို့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့ တည်ထောင်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ  ၁၂ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ တတိယအကြိမ်မြောက်ကျောင်းဝင်ခွင့်လျှောက်လွာတွေ လက်ခံနေပြီဖြစ်ပါ တယ်။

တတိယအကြိမ်မြောက် စာသင်နှစ်ကိုတော့ ၂၀၂၅ ဇန်နဝါရီ ပထမပတ်မှာ စတင်ဖွင့်လှစ်မယ်လို့ သိရပြီး ကျောင်းသားဦးရေကိုတော့ အကန့်အသတ်နဲ့သာလက်ခံမယ်လို့ သိရပါတယ်။

ပညာရပ်စုံ KSCU ကျောင်းကနေပြီးတော့၂၀၂၅ စာသင်နှစ်အတွက် ဆေးတက္ကသိုလ်က လူဦးရေ ၅၀ ဦး၊ သူနာပြုတက္ကသိုလ် ၅၀ ဦး၊ နည်းပညာ တက္ကသိုလ်က ၂၅ ဦး၊ စိုက်ပျိုးရေးတက္ကသိုလ် ၃၀ ဦး၊ စီးပွားရေးတက္ကသိုလ် ၂၅ ဦး ကျန်တဲ့တက္ကသိုလ်တွေကတော့ ကန့်သတ်ချက်မရှိဘူးလို့ဆိုပါတယ်။

တစ်ဖက်မှာ ကျောင်းတွေကို ထပ်မံတိုးချဲ့ဖွင့်လှစ်တဲ့အခါ သင်ကြားရေး ဆရာ/မ လုံလောက်မှုမရှိတဲ့ပြသာနာ၊အဆောက်အဦးလိုအပ်ချက်နဲ့ ဘဏ္ဋာရေးလိုအပ်ချက် စိန်ခေါ်မှုတွေ ကြုံတွေ့ရပေမယ့် ကျောင်းတွေကိုတိုးချဲ့ဖွင့်လှစ်နိုင်လာတဲ့အတွက် တိုးတက်ပြောင်းလဲမှုတွေ မြင်တွေ့လာရတယ်လို့ ဒေါက်တာအောင်နိုင်သူက ခုလိုဆက်ပြောပါတယ်။

“ဆေးတက္ကသိုလ်ဆိုရင်လည်း သတ်မှတ်ထားတဲ့အရည်အချင်းမှီတယ်ဆိုရင်ဒီမှာလွယ်လွယ်ကူကူတက်နိုင်တယ် ပြီးတော့ ၂၀၁၁ တစ်ကျော့ပြန်စစ်ပွဲဖြစ်ကတည်းကနေ ကေအိုင်အိုအစိုးရမှာဆယ်တန်းအောင်ထားတဲ့ကလေးတွေဟာ ပြည်မထဲမှာတက်ခွင့်မရကြဘူး အဲလိုတက်ခွင့်မရကြတော့ ပညာတွေတစ်ပိုင်းတစ်စဖြစ်သွားတာပေါ့ အဲတော့ ဆရာတို့ကဒီမှာ ဝဇ္ဇာသိပ္ပံဖွင့်လိုက်တဲ့အခါကြတော့ သူတို့တွေပညာဆည်းပူးမဲ့အခွင့်အရေးရကြတော့ ပညာတတ်ဘွဲ့ရလူတန်းစားများလာတာပေါ့ နောက်ပြီးတော့ မိုင်ဂျာယန်တက္ကသိုလ်မှာ အခြေအနေအမျိုးမျိုးကြောင့်မသွားနိုင်တဲ့သူတွေလည်း ကိုယ့်အိမ်ကိုယ်ယာမှာနေပြီးတက်လို့ရလာပြီး ဒေသခံတွေအနေနဲ့လည်း ပညာရေးကို စိတ်ဝင်စားလာတာတွေက တိုးတက်မှုတစ်ခုပေါ့”လို့ ဆိုပါတယ်။

KSCU တက္ကသိုလ်အနေနဲ့လည်းနောင်အနာဂတ် ပညာရှင်အများအပြားမွေးထုတ်နိုင်ဖို့ အဆင့်မြင့်ပညာရပ်တွေကိုလည်း တိုးချဲ့သင်ကြားနေပြီး computer science လိုဘာသာရပ်မျိုးတွေကိုလည်း ပြန်လည်တိုးချဲ့သင်ကြားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

KSCU တက္ကသိုလ်ကနေပြီးတော့ ဘွဲနှင်းသဘင်ပွဲကို ၂ ကြိမ်တိတိပြုလုပ်ခဲ့ပြီဖြစ်ပြီး ၂၀၂၂ပညာသင်နှစ် ဘွဲနှင်းသဘင်အခမ်းအနားကို ၂၀၂၃ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ကျင်းပခဲ့ပြီး မြန်မာစာ၊ အင်္ဂလိပ်၊ ဓာတုဗေဒ၊ စိတ်ပညာ၊ ပထဝီဝင်၊ ဥပဒေ၊ စီးပွားရေး၊ သမိုင်း၊ ဒဿနိကဗေဒ စတဲ့ ဘာသာရပ်များကို သင်ကြားနိုင်ခဲ့ပြီး ကျောင်းသား/သူ ၆၃ ဦး နဲ့ အဝေးရောက် တစ်ဦးကို ဘွဲ့ချီးမြင့်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ၂၀၂၃ပညာသင်နှစ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၄ ခုနှစ် မတ်လ ၁၄ ရက်နေ့ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ကျင်းပပြုလုပ်တဲ့ စာမေးပွဲအောင်မြင်သူ မဟာသိပ္ပံဘွဲ့  ၂ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၁ ဦး၊ ဂုဏ်ထူးတန်း ၃ ဦး၊ မဟာအရည်အချင်းစစ် ဘွဲ့လွန်တန်း ၆ ဦး၊ သိပ္ပံဘွဲ့ ၁၀ ဦး ၊ ဝိဇ္ဇာဘွဲ့ ၁၀၄ ဦး၊ စုစုပေါင်း ၁၃၉ ဦးအား ဘွဲ့ဒဂရီအသီးသီး ချီးမြှင့်နိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။

May 26, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်၊ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသဘက်တွင် မြေရှားသတ္တုတူးဖော်ရန် KIO...
May 26, 2026
မန္တလေးမြို့ကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုဦးတည်တဲ့ ခရီးသွားအရပ်သား ၁၀၀၀ ဝန်းကျင်...
May 25, 2026
နော်ထွယ့်(ဟူးကောင့်) — စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်လက်အောက်မှာ...
May 23, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် မိုးမိတ်နဲ့ မဘိမ်းကြားမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို...