ကျိုက်ထိုမြို့ ပျဉ်းကတိုးကုန်းရွာတွင် လက်နက်ကြီးပစ်ခတ်ခံရပြီး အရပ်သား ၈ ဦးသေဆုံး

ကျိုက်ထိုမြို့ ပျဉ်းကတိုးကုန်းရွာတွင် လက်နက်ကြီးပစ်ခတ်ခံရပြီး အရပ်သား ၈ ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအခြေစိုက် ဒတရ (၆၀၂) မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးသည် ပျဉ်းကတိုးကုန်းကျေးရွာတွင်ကျရောက်ပေါက်ကွဲရာမှ အရပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့  မနက် ၉ နာရီခွဲအချိန်ခန့်တွင် အဆိုပါလက်နက်ကြီးကြောင့် အသက် ၁၈ နှစ်အရွယ်ဒေသခံအမျိုးသား ၂ ဦးအပါအဝင် စုစုပေါင်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်းနှင့်ဒဏ်ရာရရှိသူ ၆ ဦး ထက်မနည်းရှိကြောင်း ဒေသတွင်းသတင်းအချက်အလက်များအရသိရသည်။

ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု ကျောက်တန်းလေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် သိမ်ဇရပ်မြို့ကျေးရွာဘက်နှင့်ကျောက်တန်းလေးရွာဘက်သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်လာသည်ဟု ကျိုက်ထိုဒေသခံတစ်ဦးကပြောသည်။

“နေ့တိုင်းလိုလိုအကြောင်းမဲ့ပစ်နေတာပဲ ဒေသခံတွေကမကြာခဏသေကြတာ၊ တိမ်းရှောင်လိုက် ပြန်လာလိုက်ပါပဲ။ ရွာထဲစစ်ကြောင်းထိုးရင် ရွာဘက်ကိုလက်နက်ကြီးအရင်ပစ်ကူတယ် စစ်ကြောင်းမထိုးလဲပစ်နေ တယ် ” ဟု ၎င်းကဆိုသည်။

၄င်းအပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များသွားလာလှုပ်ရှားနေသည့် စွပ်စွဲချက်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကျေးရွာဘက်သို့အကြောင်းမဲ့လက်နက်ကြီးမကြာခဏပစ်ခတ်လေ့ရှိကြောင်း ၎င်းဒေသခံကဆက်ပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လဆန်းပိုင်းမှစ၍ စစ်ကောင်စီစစ်ကြောင်းများထိုးရာလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အရပ်သားဖမ်းဆီးသတ်ဖြတ်ခံရမှု၊ စစ်ကြောင်းထိုးစဉ်တွင် လက်နက်ကြီးဖြင့်ပစ်ကူမှုကြောင့် ကျိုက်ထိုမြို့နယ်တွင် အရပ်သားများ ထိခိုက်သေဆုံးမှုပိုမိုများပြားလာသည်။

စစ်ကောင်စီစစ်ကြောင်းထိုးမှု၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အင်းဂဘိုးရွာ၊ ကမ်းနီ၊ ကျောက်တန်းလေးရွာအပါအဝင်အနီးနားကျေးရွာ ၇ ရွာထက်မနည်း တိမ်းရှောင်နေရဆဲဖြစ်သည်ဟု သိရသည်။

လဂွန်အိမ်စာစဉ်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ဇွန်လအတွင်းမွန်ပြည်နယ်တွင် စစ်ကောင်စီတပ် ကပစ်ခတ်သည့်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ ၂၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

February 6, 2026
အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သူဝန်ထမ်းများ ပြစ်မှုကျုးလွန်ခြင်းမရှိပါက အမည်စာရင်း Black...
ဂျိုင်းတံတား(ဇာသပြင်) စစ်ဆေးရေးဂိတ် ပုံဟောင်း
February 5, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ်မှတစ်ဆင့် လိုင်စင်မဲ့ယာဉ်တင်သွင်းခြင်းလုပ်ငန်းကို ခွင့်ပြုထားသည့်...
February 4, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ အင်အားရာနှင့်ချီရှိသည့် တပ်သားများနှင့်အတူ...
February 3, 2026
ထိုင်းနိုင်ငံရှိ မွန်လူမျိုးနှင့် ဟံသာဝတီမွန်ဒေသအတွင်းရှိ မွန်လူမျိုးများကြား ပညာရေး၊ ဘာသာစကား၊...