ကလေးမြို့နယ် လက်ပံချောင်းရွာမှာလက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦးဒဏ်ရာရ

ကလေးမြို့နယ် လက်ပံချောင်းရွာမှာလက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် အနောက်မြောက်ပိုင်းမှာ တည်ရှိတဲ့ လက်ပံချောင်းရွာထဲကို ဇူလိုင် ၉ ရက် မနက်ပိုင်း (၁၁)နာရီခွဲဝန်းကျင်မှာ  စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ ကလေးငယ် ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့ ၆ ဦးထဲက ၂ ဦးဟာ အခြေအနေစိုးရိမ်ရတယ်လို့ လက်ပံချောင်းရွာဒေသခံတွေဆီကသိရပါတယ်။

ဒေသခံတစ်ဦးက “ ဒေသခံ ၆ ဦးလောက်ထိခိုက်ဒဏ်ရာရတယ် အဲဒီထဲက ၂ ဦးကတော့ အခြေနေစိုးရိမ်ရတယ်လို့ သိရတယ် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတယ်လို့ သိရတယ်” လို့ Chin World Media ကိုပြောပါတယ်။

လက်ပံချောင်းရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်ခဲ့တာလို့လည်း သိရပြီး စစ်ကောင်စီက ရွာကို မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လေ့ရှိတာတွေကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့လောက်စပြီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကလေး - လက်ပံချောင်း - ရာဇဂြိုလ် ကားလမ်းဘေးမှာ ရှိတဲ့ နေအိမ်ပေါင်း ထောင်ချီပြီး စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့သလို အဲဒီအချိန်ကစပြီး ကျေးရွာနေဒေသခံအများစုဟာ နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်နေခဲ့ရပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...