ကလေးမြို့နယ် လက်ပံချောင်းရွာမှာလက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦးဒဏ်ရာရ

ကလေးမြို့နယ် လက်ပံချောင်းရွာမှာလက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် အနောက်မြောက်ပိုင်းမှာ တည်ရှိတဲ့ လက်ပံချောင်းရွာထဲကို ဇူလိုင် ၉ ရက် မနက်ပိုင်း (၁၁)နာရီခွဲဝန်းကျင်မှာ  စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ ကလေးငယ် ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့ ၆ ဦးထဲက ၂ ဦးဟာ အခြေအနေစိုးရိမ်ရတယ်လို့ လက်ပံချောင်းရွာဒေသခံတွေဆီကသိရပါတယ်။

ဒေသခံတစ်ဦးက “ ဒေသခံ ၆ ဦးလောက်ထိခိုက်ဒဏ်ရာရတယ် အဲဒီထဲက ၂ ဦးကတော့ အခြေနေစိုးရိမ်ရတယ်လို့ သိရတယ် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးတယ်လို့ သိရတယ်” လို့ Chin World Media ကိုပြောပါတယ်။

လက်ပံချောင်းရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်ခဲ့တာလို့လည်း သိရပြီး စစ်ကောင်စီက ရွာကို မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လေ့ရှိတာတွေကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့လောက်စပြီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ကလေး - လက်ပံချောင်း - ရာဇဂြိုလ် ကားလမ်းဘေးမှာ ရှိတဲ့ နေအိမ်ပေါင်း ထောင်ချီပြီး စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့သလို အဲဒီအချိန်ကစပြီး ကျေးရွာနေဒေသခံအများစုဟာ နေရပ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်နေခဲ့ရပါတယ်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...