စစ်ကောင်စီက မင်းတပ်မြို့တစ်နေရာကို လေကြောင်းဖြင့် ၃ ကြိမ် တိုက်ခိုက်

စစ်ကောင်စီက မင်းတပ်မြို့တစ်နေရာကို လေကြောင်းဖြင့် ၃ ကြိမ် တိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက တစ်နေရာကို မေလ (၂၂) ရက်နေ့မှာ  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

မေလ ၂၂ ရက် နေ့လည် ၁၁ နာရီ ၅၅ မိနစ်ခန့်မှစတင်၍ ၁၂ နာရီ ၁၀ မိနစ်လောက်အထိ ဂျက်ဖိုက်တာဖြင့် လှည့်ပတ်ပြီး တောက်လျှောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်တာ ၃ ကြိမ်လောက် လုပ်သွားတယ်။ ရောကတ်နဲ့ ပစ်တာရော၊ ဗုံးကြဲတာရော၊ စက်သေနတ်နဲ့ ပစ်တာရောပေါ့နော်။ ပြည်သူ အထိအခိုက်မရှိပါဘူး။ အဆောက်အအုံတွေ ပျက်စီးတာလည်း မရှိပါဘူး။ သူတို့က ခန့်မှန်းပြီးမှ တောထဲ တောင်ထဲကို ပတ်ပြီးပစ်သွားတာမျိုး တွေ့ရတယ်” ဟု ကိုယောမာန်က ပြောသည်။

ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ပြီး နာရီဝက်ခန့်အကြာတွင် မင်းတပ်မြို့ပေါ် ခလရ ၂၇၄ တပ်ရင်းမှလည်း ၎င်းနေရာ ဝန်းကျင်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ခု၏ လှေကားထစ်များ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့အနီးတစ်နေရာကို ပထမဂျက်ဖိုက်တာတစ်စီးဖြင့် တိုက်ခိုက်မှုတွင် ပေါင် ၅၀၀ ဗုံးကြဲခဲ့သလို ရောကတ် နှင့် စက်သေနတ်များဖြင့် ပစ်ခတ်သွားခဲ့ကြောင်း၊ ဒုတိယတစ်စီးမှာလည်း ပေါင် ၅၀၀ ဗုံး၊ ပွိုင့်ဖိုက်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးက ဆိုသည်။

ဧပြီလမှ မေလ ၂ ရက်အထိ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်နှင့် လက်နက် ကြီးပစ်ခတ်မှု ၂ ကြိမ်ကြောင့် ရဲဘော် ၂ ဦးနှင့် အရပ်သား ၃ ဦး သေဆုံးပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...