နွေဦးဂုရုပညာရေးစင်တာက ဒီပလိုမာကျောင်းကနေ ကောလိပ်ကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်

နွေဦးဂုရုပညာရေးစင်တာက ဒီပလိုမာကျောင်းကနေ ကောလိပ်ကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ နွေဦးဂုရုပညာရေးစင်တာဟာ မေလ ၁၇ ရက်နေ့မှာပဲ Diploma in social studies(တနှစ် ဒီပလိုမာတန်း)ကနေ Karenni collage of social science and Humanities အဖြစ် ပြောင်းလဲဖွင့်လှစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။

လက်ရှိ သင်ကြားရေးနည်းစနစ်တွေဟာ နိုင်ငံတကာ တက္ကသိုလ်တွေရဲ့ Diploma အဆင့်သတ်မှတ်ချက်အထိရှိနေပြီး ကောလိပ်အဆင့်အရည်အသွေးပြည့်မှီလာတဲ့အတွက် ပြောင်းလဲဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ နွေဦးဂုရုပညာရေးစင်တာ ကျောင်းအုပ် ခင်စန္ဒာညွှန့်က ပြောပါတယ်။

“ ကျမတို့ သင်ကြားရေးနည်းစနစ်ပိုင်းအနေနဲ့ကော အရည်အသွေးပိုင်းကော ပြီး‌တော့ နောက်ထပ်တစ်ခုအနေနဲ့က ပညာရပ်ဆိုင်ရာ ကူညီပံ့ပိုးမှုပိုင်းကော အသိအမှတ်ပြုမှုပိုင်းကော ကျမတို့ အဆင်သင့်ရှိတဲ့အနေအထားမျိုးကို ရောက်ပြီလို့ ကျမတို့ ယူဆတယ်ပေါ့နော။ အဲဒီအတွက်ကြောင့် ကျမတို့ ကောလိပ်လို့ နာမည်ပြောင်းလိုက်တာဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

အဲဒီကောလိပ်ကျောင်းမှာ ပညာရပ်တွေကို ၁၈ လတာ သင်ကြားသွားမှာဖြစ်ပြီး Foundation အတန်းအတွက် ၆ လနဲ့ intensive အတွက် ၁ နှစ်သင်ကြားသွားမယ်လို့ သိရပါတယ်။

ပထမဆုံးနှစ်အတွက် သင်တန်းသားကို လာမယ့် ဇွန်လအတွင်းမှာ လျှောက်လွှာစတင်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

ယခုနှစ်ပညာသင်နှစ်အတွက် ကျောင်းသား ၄၀ ကနေ ၄၅ ယောက်ကြားကို စီစစ်ရွေးချယ်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

ကောလိပ်ကျောင်းအတွက် ပညာအရည်အချင်းကန့်သတ်ချက်အနေနဲ့ အနည်းဆုံး အထက်တန်းအဆင့်တက်‌‌ရောက်ဖူးသူ ဖြစ်ရမယ့်အပြင် သတ်မှတ်ထားတဲ့ ဝင်ခွင့်စာမေးပွဲကိုလည်း အောင်မြင်ရမှာ ဖြစ်ပါတယ်။

“ကျမတို့ အဲဒီမှာက ဝင်ခွင့်စနစ်နဲ့ပဲ ကျမတို့သွားတယ် ဝင်ခွင့်စနစ်မှာက ဝင်ခွင့်စာမေးပွဲကို အမှတ်မှီတယ် အောင်တယ်ဆိုရင် ဝင်လို့ရတယ်ပေါ့နော။ ဒါပေမယ့် အဓိက အခြေခံ အဆင့်အနေနဲ့ ကျမတို့ ကောလိပ် အဆင့်ဆိုရင်တော့ အထက်တန်းအဆင့်ဖြစ်ရမယ်။ အထက်တန်းကိုမှ အရင်စနစ်ဟောင်းဆိုရင် ၉ တန်းမအောင်သေး၊ ၁၀ တန်းမအောင်သေးလည်းရတယ်။ ဝင်ခွင့်တော့ အောင်ရမယ်‌ပေါ့နော။ ဝင်ခွင့်အောင်မှရမယ်။ ၁၀ တန်းအောင်ပြီးသားဆိုလည်းရတယ်။ တက္ကသိုလ်တက်လက်စဆိုလည်း ရတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

Theory and practices of social policy, Regional politics systems, Research design and methods, Environmental studies, Digital literacy, Community development, Media Literacy and journalism, Cultural diversity and social cohesion စတဲ့ ဘာသာရပ်တွေအပြင် ဖြည့်စွက်အနေနဲ့ Academic English,Computer, Introduction to social science စတဲ့ ဘာသာရပ်လည်း ထည့်သွင်း သင်ကြားသွားမယ်လို့ သိရပါတယ်။

ကောလိပ်ကျောင်းအနေနဲ့ ပြောင်းလဲသင်ကြားသွားပေမယ့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတိုတွေကိုလည်း ဆက်လက်ဖွင့်လှစ်သင်ကြားသွားမယ်လို့ ဆိုပါတယ်။

မေလ ၁၇ ရက် တစ်ရက်တည်းမှာလည်း နွေဦးဂုရုပညာရေးစင်တာရဲ့ အသက်မွေးဝမ်းကျောင်း အပတ်စဥ် ၃ သင်တန်းဆင်းပွဲကို ပြုလုပ်သွားခဲ့ပါတယ်။

နွေဦးဂုရုပညာရေးစင်တာဟာ ၂၀၂၂ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့မှာ အသက်မွေးဝမ်းကျောင်းသင်တန်းကနေ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ Diploma အတန်းကို ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖွင့်လှစ်ခဲ့တဲ့ Diploma အတန်းမှာ ကျောင်းသား ၂၃ ဦးတက်ရောက်ခဲ့ပါတယ်။

လက်ရှိကရင်နီပြည်မှာ တော်လှန်ရေးကာလအတွင်း လူငယ်တွေ အဆင့်မြင့်ပညာရေးကို လက်လှမ်းမှီနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ ကောလိပ်ကျောင်း Youth Academic Collage, Seh Theh collage စတဲ့ ကျောင်းတွေလည်း ရှိနေပါတယ်။

တော်လှန်ရေးကာလအတွင်းမှာ ဖွင့်လှစ်ထားတဲ့ကျောင်းတွေဖြစ်တဲ့အတွက် ပညာရေးအတွက် လိုအပ်ချက်တွေက ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...