ကန်ပက်လက်မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)ကို စစ်ကူလာဖို့ ကာကွယ်ရေးတပ်ဖွဲ့အချို့ကဖိတ်ခေါ်တာကို ကန်ပက်လက်တိုက်နယ်အမှတ်(၅)က ပြည်သူတွေက ကန့်ကွက်ကြောင်းထုတ်ပြန်

ကန်ပက်လက်မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)ကို စစ်ကူလာဖို့ ကာကွယ်ရေးတပ်ဖွဲ့အချို့ကဖိတ်ခေါ်တာကို ကန်ပက်လက်တိုက်နယ်အမှတ်(၅)က ပြည်သူတွေက ကန့်ကွက်ကြောင်းထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အတွင်း ရက္ခိုင့်တပ်တော်(AA)ကို စစ်ကူလာဖို့ ကာကွယ်ရေးတပ်ဖွဲ့အချို့ကဖိတ်ခေါ်နေတဲ့အပေါ် ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ် (၅) က ပြည်သူတွေက ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ပြန်တဲ့ထဲမှာ ရက္ခိုင့်တပ်တော် (AA)ကို ကန်ပက်လက်မြို့နယ်အတွင်း လာရောက်ပြီး စစ်ကူရန် ဖိတ်ခေါ်တာတွေရှိနေပြီး ကန်ပက်လက်မြို့နယ် တိုက်နယ် အမှတ်(၅) ဒေသအတွင်း ရက္ခိုင့်တပ်တော်(AA) နေထိုင်ခြင်းနဲ့ သွားလာလှုပ်ရှားနေခြင်းကို လက်မခံတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ်(၅) ဒေသအတွင်းက ဒေသခံတွေအနေနဲ့  နောင်ခါ တိုင်းရင်းသားအချင်းချင်းကြား ပြဿနာ၊ လူမျိုးရေးနွယ်စုများကြား ပြဿနာ၊ ပြည်သူ့ကာကွယ်ရေးတပ်အချင်းချင်းကြား မလိုလားအပ်တဲ့ ပြဿနာ ပေါ်ပေါက်မှာကို စိုးရိမ်ကြတဲ့ကြောင်းနဲ့ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာခဲ့ပါက ရက္ခိုင့်တပ်တော်(AA) ကို ဖိတ်ခေါ်တဲ့ သက်ဆိုင်ရာမှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝနဲ့ ခေါင်းခံဖြေရှင်းရမှာလို့လည်း ထုတ်ပြန်ထားပါတယ်။

July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...
July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...