ဆေးရုံတက်နေတဲ့ စရဖ အရာရှိတစ်ဦး၊ ရဲတပ်သား ၂ ဦးတို့ သေနတ်နဲ့ ထပ်မံပစ်ခံရ

ဆေးရုံတက်နေတဲ့ စရဖ အရာရှိတစ်ဦး၊ ရဲတပ်သား ၂ ဦးတို့ သေနတ်နဲ့ ထပ်မံပစ်ခံရ
၂၀၂၁ ခုနှစ် ဖားကန့်ပြည်သူ့ဆေးရုံအား စကစ တပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားစဉ်
၂၀၂၁ ခုနှစ် ဖားကန့်ပြည်သူ့ဆေးရုံအား စကစ တပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူထားစဉ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ စရဖ တစ်ဦးနဲ့ ရဲတပ်ဖွဲ့ ၂ ဦး သေနတ်နဲ့ ထပ်မံပစ်ခတ်ခံရတယ်လို့ မှော်ဝမ်းရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့၊ နေ့လည် ၂ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင် လူတစ်စုဆေးရုံဝင်းထဲ ဝင် လာပြီး သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတာ ဖြစ်တယ်လို့ မှော်ဝမ်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါ တယ်။

“ဟိုတနေ့က ဆိုင်းတောင်မှာ ရဲကားတစ်စီး အပစ်ခံရတယ်၊အဲ့ဒီထဲက ဒဏ်ရာရလို့ ဆေးရုံတက်နေရတဲ့ ရဲတွေ ထပ်ပြီး ပစ်ခံရတာလို့ သိရတယ်“ လို့ မော်ဝမ်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ယခုထပ်မံ ပစ်ခတ်ခံရတဲ့ ရဲတွေဟာ စက်တင်ဘာလ ၂၁ ရက်နေ့ စရဖ အရာရှိတစ်ဦး၊ ရဲအရာရှိတစ်ဦး အပါ အဝင် ရဲတပ်သား ၃ ဦး စုစုပေါင်း ၅ ဦးဟာ ဆိုင်းတောင်ကနေ ဖားကန့်ဘက် ဆေးခန်းပြဖို့ အိမ်စီးကားနဲ့ ဆင်း လာချိန် လမ်းခုလတ်မှာ ပစ်ခတ်ခံရတဲ့သူတွေ ဖြစ်ကြပါတယ်။

အဲဒီ ပစ်ခတ်ခံရချိန် ရဲအရာရှိတစ်ဦးနဲ့ ရဲတပ်သား တစ်ဦးသေဆုံးခဲ့ပြီးတော့ စရဖ အရာရှိတစ်ဦးနဲ့ ရဲတပ်သား ၂ ဦးဟာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ဖားကန့်ဆေးရုံမှာ ဆေးကုခံယူနေချိန်မှာဘဲ သေနတ်နဲ့ ထပ်ပစ်ခံရတာ ဖြစ်ပါ တယ်။

ပစ်ခံရတဲ့ စရဖတစ်ဦးနဲ့ ရဲတပ်သား ၂ ဦးဟာ သေဆုံးသွားပြီလို့ ဖားကန့် ဒေသခံတွေက ပြောဆိုနေကြပေမယ့် KNG အနေနဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့တွေသေနတ်နဲ့ အပစ်ခံရပြီးနောက် ဖားကန့်ဆေးရုံမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီး လုံခြုံရေး အပြည့်ချထားပါတယ်။

အဲ့ဒီနောက် ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။

အလားတူပဲ ဖားကန့်မြို့အဝင်မှာရှိတဲ့ ပန်းတင်တံတားထိပ်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လုံခြုံရေး တင်းကြပ်နေပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၅ ရက်နေ့၊ မနက်ပိုင်း လေးနာရီအချိန်ခန့်က ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ၊ သာ ယာကုန်းရပ်ကွက်ရှိ စစ်ကောင်စီ လက်အောက်ခံ စရဖရုံးနှင့် မူးယစ်ရုံးတို့အား ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ပြီး၊ ဖမ်းဆီးရမိသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

May 30, 2026
အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့...
May 29, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက်...
May 28, 2026
ညနေစောင်းချိန် မေခမြစ်ပေါ်မှာ စက်အင်ဂျင်သံတွေ မရပ်မနားကြားနေရတယ်။ တစ်ချိန်က ကြည်စိမ်းနေတဲ့...
May 28, 2026
အမိုး — မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့...