မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်တွေ့

မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်တွေ့
မုန်းလောင်းချောင်းတွင် ရွှေတူးဖော်မှုကိုကန့်ကွက်ကြောင်း ဒေသခံများသွားရောက် ကန့်ကွက်ခဲ့
မုန်းလောင်းချောင်းတွင် ရွှေတူးဖော်မှုကိုကန့်ကွက်ကြောင်း ဒေသခံများသွားရောက် ကန့်ကွက်ခဲ့

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ပန်ကိုင်ရွာရှိ မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာသုံးရေများသည် ရွှံ့ရေအဖြစ် ပြောင်းသွားသည့်အတွက် ဒေသခံလယ်ယာပိုင်ရှင်များ အခက်တွေ့ နေကြသည်။

လယ်ယာဧက ၅၀၀ ကျော်အတွက် အသုံးပြုနေသည့် မုန်းလောင်းချောင်း (Munglawng Hka) တွင် ဒေသခံများ ကန့်ကွက်နေသည့်ကြား ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့မှ စက်ယန္တရားကြီးများဖြင့် အဆက်မပြတ် ရွှေတူးဖော်နေခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

“မုန်းလောင်းချောင်းနဲ့ပဲရေသွင်းယူပြီး လယ်ယာစိုက်ပျိုးနေတာ ဧက ၅၀၀ ကျော်ရှိတယ်။ ချောင်းတောက် လျှောက် ရှမ်းလက်နက်ကိုင်ဘက်က ရွှေပဲတူးနေတော့ အခုက လယ်သမားတွေ လယ်ယာဆင်းလုပ်ငန်း ဝင်ချိန် ရောက်ပေမဲ့ ရေက ရွံ့ရေဖြစ်နေတော့ ရေလည်းသွင်းယူလို့မရ လယ်ယာလုပ်ငန်းဝင်ဖို့ ခက်နေပြီး ဒုက္ခရောက် နေတယ်။ ကန့်ကွက်လည်းမရ၊ မရပ်မနား နေ့ဆိုင်း၊ ညဆိုင်းကိုတူးနေတာ” ဟု နမ့်ဖတ်ကာ ပန်ကိုင်ရွာခံတစ်ဦး KNG ကို ပြောဆိုခဲ့သည်။

ဒေသခံပြည်သူများ အကြိမ်ကြိမ် ကန့်ကွက်နေသည့်ကြား ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့မှ ယခုနှစ် ဇန်နဝါရီခန့်မှစပြီး မုန်းလောင်းချောင်းတွင် ဘတ်ဖော ၅ စီးခန့်ဖြင့် ရွှေတူးဖော်လာခဲ့သည်ဟု ၄င်းက ပြောသည်။

ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေသခံပြည်သူများအနေဖြင့် မုန်းလောင်းချောင်းတွင် ရွှေတူးဖော်မှုကို ကန့်ကွက် ကြောင်း လူအင်အား ၄၀၀ ခန့်ဖြင့် သွားရောက်ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

“ကျနော်တို့ လယ်သမားတွေ၊ ဒေသခံတွေ လူအင်အားနှင့် သွားရောက်ဆန္ဒပြကန့်ကွက်ဖို့ သွားတဲ့အချိန် မဝင် ခိုင်းဘူး လမ်းထက်ဝက်မှာ ဂိတ်လုပ်ပြီး ပိတ်လိုက်တယ်။ အဲ့လိုလုပ်ပြီး သူတို့က တပ်ဖွဲ့အင်အားတွေနဲ့ ပတ်ပတ် လည် လုံခြုံရေးယူပြီး တူးဖော်နေကြတာ။ ကျနော်တို့က သူတို့ဆီလည်း သွားမရ၊ ဘယ်မှ တောင်းဆိုမရဆိုတော့ လယ်ယာလည်းလုပ်ငန်းစလို့မရ ရေလည်းဘာမှသုံးမရဖြစ်သွားလို့ တော်တော်ဒုက္ခရောက်နေကြတယ်” ဟု နမ့်ဖတ်ကာဒေသခံ တစ်ဦးက ဆက်ပြောသည်။

မုန်းလောင်းချောင်းကို အဓိကမှီခိုပြီး လယ်ယာမြေစိုက်ပျိုးလုပ်ကိုင်နေကြသည့် ကျေးရွာပြည်သူများသည် နမ့် ဖတ်ကာ၊ ပန်ကိုင်၊ နားမွန်း စသည့်ကျေးရွာများမှ ဒေသခံအိမ်ခြေများဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လယ်ယာစိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရသည့် ထိုဒေသခံများအတွက် ချောင်းရေအသုံးမပြုနိုင်ခြင်းသည် ဒေသတွင်းအတည်တကျနေထိုင်နိုင်ရေးကိုပါ ထိခိုက်လာစေကြောင်း ပြော သည်။

“ရွာသားတွေက လူအင်အားနဲ့ ဆန္ဒသွားပြလည်းမရ၊ လယ်ယာလည်း လုပ်ကိုင်မရ ဆိုတော့ ဒီမုန်းလောင်း ချောင်းရေကို မှီခိုပြီး လယ်ယာလုပ်နေတဲ့သူတွေက ဒီမှာပဲနေပြီး ဒီမှပြဲလုပ်ကိုင်နိုင်ဖို့တောင် စိတ်ကထွေပြားနေ တဲ့ အဆင့်ဖြစ်နေပြီ။ လယ်ယာပဲအားထားပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူ တွေဖြစ်တာကြောင့် လယ် သာ လုပ်စားမရတော့ရင် ဘယ်မှာရွှေ့ပြောင်းမလဲ ဆိုတဲ့အဆင့်ထိတောင် ပြောနေကြရတဲ့အဆင့်ဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

ချောင်းရေ ပျက်စီးပါက လယ်ယာမြေလုပ်ကိုင်စားသောက်ခွင့်ကိုပါ ဆုံးရှုံးစေနိုင်သောကြောင့် ဒေသခံပြည်သူ များ အနေဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့မှ မုန်း လောင်းချောင်းတွင် ရွှေတူးဖော်မှု ရပ်တန့်ပေးပြီး ချောင်းရေယခင်လို စီးဆင်းနိုင်ရန် လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြခြင်း ဖြစ်သည်။

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...