စစ်ကိုင်းရေဘေး သေဆုံးသူ ၉ ဦးအထိ မြင့်တက်လာပြီး ရေဆက်လက် တိုးနေ

စစ်ကိုင်းရေဘေး သေဆုံးသူ ၉ ဦးအထိ မြင့်တက်လာပြီး ရေဆက်လက် တိုးနေ
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။

စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ ရှိလာပြ ီဖြစ်ကာ လက်ရှိအချိန်အထိလည်း ရေမကျသေးဘဲ ဆက်လက်တိုးလာနေကြောင်း ဒေသခံများက ပြောသည်။

ရေကြီးရေလျှံမှုများအတွင်း ဩဂုတ်လ ၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ ချောင်းရိုးကျေးရွာ၌ ချောင်းဖြတ်ကူးသည့် ကောက်စိုက်သမ ၁၀ ဦးအနက် ခြောက်ဦး သေဆုံးခဲ့သလို၊ ဩဂုတ်လ ၈ ရက်နေ့က ရွှေဘိုမြို့နယ်တွင် လှေမှောက်၍ သားအဖနှစ်ဦးနှင့် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျွန်းတောကြီးရွာမှ အမျိုးသမီးတစ်ဦးတို့ ထပ်မံသေဆုံးခဲ့ရခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ ရှိလာခဲ့ခြင်း ဖြစ်သည်။

“သဖန်းဆိပ်မှာတော့ တပေခန့် ကျသွားတယ်လို့ တွေ့ရပေမဲ့ ကာဘိုးဆည်မှာတော့ တန့်ဆည်ကြားမှာရှိတဲ့ စည်တုံးလုံးချောင်းနဲ့ အခြားသော ကန့်ဘလူကြားမှာရှိတဲ့ ချောင်းတွေကြောင့် ကန့်ဘလူ ကာဘိုးဆည်မှာ ရေ သုံးပေလောက် ထပ်တက်လာတာရှိတယ်” ဟု မြေပြင်သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

လက်ရှိတွင် မူးမြစ်နှင့် မြစ်လက်တက်ချောင်းရေများ စီးဆင်းရာတစ်လျှောက်ရှိ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ အရာတော်၊ ကောလင်း၊ ဝက်လက်နှင့် မြင်းမူမြို့နယ်များအတွင်း ရေဝင် ရောက်လျက်ရှိပြီး သောင်းနှင့်ချီသည့် ဒေသခံများနှင့် စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေးအကူအညီများ အရေးတကြီး လိုအပ်နေဆဲ ဖြစ်သည်။

သဖန်းဆိပ်ဆည်ရေ ကျသွားသော်လည်း ကာဘိုးဆည်ရေ တိုးလာသည့်အတွက် ရေဦးနှင့် တန့်ဆည်အစပ်ရှိ ကျေးရွာများတွင် ရေဆက်လက်တိုးနေသည့် အခြေအနေရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆက် ပြောသည်။

“ညပိုင်းလောက်ဆိုရင် ဒီပဲယင်းနဲ့ ခင်ဦးမှာ ရေတက်နိုင်ခြေ ရှိပါတယ်။ မနက်ဖြန်လောက်ဆိုရင် ဒီရေတွေက ရွှေဘိုနဲ့ ဝက်လက်ကို ရောက်နိုင်ပါတယ်။”

ဩဂုတ်လ ၄ ရက်နေ့မှ စတင်ကာ စစ်ကိုင်းအထက်ပိုင်းဒေသများ၌ မိုးကြီးခဲ့ခြင်းကြောင့် မြစ်နှင့်ချောင်းများ ရေတိုးလာပြီး သဖန်းဆိပ်ရေလှောင်တမံ၊ ကင်းတပ်ရေလွှဲဆည်နှင့် ကာဘိုးဆည်တို့မှ ရေပိုများကို မူးမြစ်အတွင်း သို့ လွှဲထုတ်ခြင်း၊ မိုးဆက်လက်ရွာသွန်းနေ၍ မြစ်ရေတက်လာခြင်းတို့ကြောင့် မူးမြစ်နှင့် မြစ်လက်တက်များတွင် ထူးကဲစွာ မြစ်ရေမြင့်တက်လာကာ ယခုကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားရခြင်း ဖြစ်သည်။

ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၂၁ ရွာ၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းတွင် ကျေးရွာ ၁၉ ရွာ၊ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်း၌ ကျေးရွာ ၁၅ ရွာ၊ ကန့်ဘလူတွင် ကျေးရွာ ၁၄ ရွာ၊ တန့်ဆည်၌ ကျေးရွာ ၂၀ ရွာ၊ ရေဦးမြို့ နယ်၌ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာ ၅၀ ကျော်၊ ရွှေဘို၌ ကျေးရွာ ၂၀ ခန့် အပါအဝင် မူးမြစ်နှင့် မြစ်လက် တက် ကမ်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀၀ ခန့် ရေဘေးသင့်လျက်ရှိနေသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများအနက် ဖျားနာသူများ၊ ဝမ်းပျက်ဝမ်းလျောဖြစ်သူများနှင့် ယားနာပေါက်သူ များလည်း ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ စောင်နှင့် ခြင် ထောင် စသည့် အခြေခံလိုအပ်ချက်များစွာ ရှိနေသည်။ ထို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တော်လှန်ရေး အင်အားစုများနှင့် ဒေသတွင်း လူမှုအရပ်ဘက်အဖွဲ့အစည်းများက ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးနေကြ သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက် ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင် လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေ အားကောင်းနေပြီး ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကာ မိုးရွာရန် ရာနှုန်းပြည့်ရှိနေ ကြောင်း သိရှိရသည်။

ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...
ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...