ရခိုင်အရေးကိစ္စတွင် အစိုးရအနေဖြင့် ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်သည်ဟု ဆို

ရခိုင်အရေးကိစ္စတွင် အစိုးရအနေဖြင့် ပိုမိုပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်သည်ဟု ဆို
by -
မဇ္ဈိမ
ရခိုင်အရေးကိစ္စများတွင် အစိုးရအနေဖြင့် ယခုထက်ပိုပြီး၊ ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဆောင်ရွက်သင့်သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar သင်တန်းရေးရာဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောသည်။

အနောက်တံခါးပြသနာ၊ နိုင်ငံတကာဖိအား၊ တရား ဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားစိတ်ဓါတ်ခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၂၂ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခမ်းမတွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်တွင်  ပြောကြားခဲ့ခြင်းဖြစ်သည်။

" နိုင်ငံတကာဘက်က အခုပြောနေတာက ဂြိုဟ်တု မြေပုံအရကြည့်တော့ မီးရှို့ခံရတဲ့ရွာတွေက ၂၈၈ ရွာ ရှိတယ်လို့ ပြောတယ်၊ ဒါ ဟုတ်တယ် မဟုတ် ဘူး အတိအကျမပြောနိုင်ပါဘူး၊ အဲဒီလိုအနေ အထားမှာ သူတို့ဘက်က သက်သေအထောက် အထားနဲ့ ဒုက္ခသည်ဆိုတာလည်း မျက်မြင်၊ ဒီလို အနေအထားရှိတယ်၊ အဲဒီတော့ ကျွန်တော်တို့ ဘက်က ပြသနာက ကျွန်တော်တို့ဆီမှာ ဒီဒေသကို သတင်းသွားယူဖို့တို့ နိုင်ငံတကာသတင်းထောက် တွေ ဖွင့်ပေးဖို့က တော်တော်ခက်ပါတယ်၊ အဲဒီ တော့ ဒီဝေဖန်မှုတွေ လျှော့ချချင်ရင် ကျွန်တော်တို့ ဘက်က ပွင့်လင်းမြင်သာမှုတွေ ရှိရမယ်လို့ ကျွန်တော် မြင်ပါတယ်" ဟု ဦးအောင်သူငြိမ်းက ပြောသည်။

ပြည်တွင်းအစ္စလာမ်ဝင်များအပေါ် အထင်အမြင်လွဲ မှားမှုများဖြင့် အဖြေရှာလျှင် အနာနှင့်ဆေး တစ်ခြားစီဖြစ်မည်ဟုလည်း ယင်းဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေးခဲ့သည့် ကိုဖီအာနမ်ဦးဆောင်သော ရခိုင် ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောသည်။

"တိုင်းပြည်ကြီးကို ဖဲ့ထုတ်ချင်လို့ တိုင်းပြည်ကြီးကို ဘာသာတစ်ခုရဲ့ အရောင်အသွေးအောက်မှာ လွှမ်းမိုးစေချင်လို့ ဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့ အဖြေ ကို ရှာနေရင်တော့ အဲဒီအဖြေဟာ တွေ့ဖို့လွယ်မှာ မဟုတ်ဘူး၊ ဆေးနဲ့အနာ တလွဲဆီဖြစ်နေလိမ့်မယ်" ဟု ဦးအေးလွင်က ပြောသည်။့

ယင်းဆွးနွေးပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုဖီအာနမ်ဦး ဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်၊ မြန်မာနိုင်ငံရှေ့နေ များကွန်ယက် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းနှင့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအင်စတီကျု ISP Myanmar သင်တန်းရေးရာဒါရိုက်တာ ဦးအောင်သူငြိမ်းတို့က ဦးဆောင်ဆွေးနွေးခဲ့သည်။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...